ကျွန်းစု ဩဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဆေးရုံများအတွက် အောက်ဆီဂျင်အိုး များနှင့် စက္ကူကုတင်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန် က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ဆေးရုံများအတွက် ဒေါက်တာအောင်လွင် + ဒေါ်သက်စန္ဒာ၊ ဦးလှသန်း +ဒေါ်ခင်သန်းရီ (ပြည့်ဖြိုးထွန်းနှင့် အောင်မြတ်ဖြိုးကုမ္ပဏီ) မိသားစုတို့မှ တိုက်နယ်ဆေးရုံ (၅) ခု အတွက် အောက်ဆီဂျင်အိုး (၅၀) အိုး၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွက် အောက်ဆီဂျင်အိုး (၂၀) အိုးနှင့် ဆေးရုံအားလုံးအတွက် စက္ကူကုတင် အလုံး(၁၀၀)တို့ကို ပြည့်ဖြိုးထွန်းနှင့် အောင်မြတ်ဖြိုး ကုမ္ပဏီမှ မြေယာမန်နေဂျာ ဦးမင်းလွင်မှ ပေးအပ်ခဲ့ရာ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့သည်။
ထိုနောက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း၊ အောက်ဆီဂျင်အိုးများနှင့် ကုတင်များအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)

No comments:
Post a Comment