Thursday, August 26, 2021

ဝါးခယ်မမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှု‌ကြောင့်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့သော အိမ်‌ထောင်စုများအား ထောက်ပံ့ငွေပေးအပ်



ဝါးခယ်မ  ဩဂုတ် ၂၆

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံး ကျေးရွာတွင် ဩဂုတ်လ၂၃ရက်နေ့ကဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အရှည် (၁၈၀)ပေ၊ အကျယ်(၄၀)ပေခန့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည်။ မြစ်ကမ်းပါးပြိုကျမှု‌ကြောင့်‌ပြောင်းရွှေ့ပေးခဲ့သည့် မြစ်ကမ်းပါးအနီးတွင် နေထိုင်အိမ်ထောင်စု(၆)စုအား ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေများကို မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးစီးမှူး ဒေါ်ဝေဝေဇော်နှင့် တာဝန်ရှိသူများက နေအိမ်များရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၆)စုအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေအဖြစ် (၁)အိမ်လျှင်ငွေကျပ် (၁)သိန်းနှုန်း၊ အိမ်‌ထောင်စု(၆)စုအတွက် (၆)သိန်း၊ ဆန်ရိက္ခာအဖြစ် မိသားစု ဝင်(၁)ဦး လျှင်ငွေ(၂၁၀၀)ကျပ်နှုန်း ဖြင့်မိသားစုဝင်(၃၁)ဦးအတွက် (၆၅၁၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၆၆၅၁၀၀) ကျပ် အားပေအပ်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး

No comments:

Post a Comment