Thursday, August 26, 2021

နေပြည်တော်တွင် ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 



နေပြည်တော်  ဩဂုတ် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင် နေပြည် တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးဆုံး အချိန် သည် ကလေးရဲ့ဘဝအစ အစောပိုင်းနှစ်များသာဖြစ်၍ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်အောင် လူ့ဘောင် အသိုင်းအဝန်းအတွင်း ပြုစုပျိုးထောင်ရာမှာ မိဘများတွင်သာမကဘဲ ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ကော်မတီဝင်များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်မှ လည်း ကလေးများအတွက် မျှော်မှန်းပြီး စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်လျှင်လည်း ကလေးသူငယ်များရဲ့ စွမ်းအား မြင့်မားလာဖို့ ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်နေမှုများကို တွေ့မြင်ရမှာ ဖြစ်ပါကြောင်း၊ ယနေ့ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှလည်း ကောင်းမွန်တဲ့ အနာဂတ်ကောင်းများဖန်တီးနိုင်မဲ့ အခွင့် အလမ်းများ၊ အကြံဉာဏ်ကောင်းများ၊ ဌာနဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ ဆွေးနွေးချက်များ ဆွေးနွေးပေးစေလိုကြောင်းတိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးနှင့် နေပြည်တော်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က  ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများကို အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း

No comments:

Post a Comment