Thursday, August 26, 2021

လဟယ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး

 


လဟယ် ဩဂုတ်၂၆

 စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လဟယ်မြို့နယ်ဦးစီးမှူးရုံးမှဆောင်ရွက်သော လဟယ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သော နိုင်ငံ သားစိစစ်ရေးကတ်ပြား (၂၄၃၇)ကတ်အားပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီချိန်လဟယ်မြို့အထကကျောင်းဇေယျာသီရိခန်းမဆောင်(၂)၌ကိုဗစ်-၁၉စည်းကမ်းချက်နှင့်အညီဆောင်ရွက်သည်။

 အခမ်းအနားတွင် နာဂဒေသစီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်ထွန်းဝင်းက အဖွင့် အမှာ စကားပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တက်ရောက်လာသူ ကျေးရွာအသီးသီးမှ ကိုယ်စားလှယ်များသို့ပေးအပ်ခဲ့ကာ တိုင်းရင်းသား မိဘပြည်သူ များကိုယ်စားလဟယ်မြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးပေါင်ခုက ကျေးဇူးတင်စကားပြောကြားသည်။

 အဆိုပါအခမ်းအနားတွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်၊ ဦးစီးအဖွဲ့ဝင်များ၊လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးတင့်အောင်နှင့်ဝန်ထမ်းများ ရပ်ကွက်/ကျေးရွာ များမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ပါမင်းလိုင်(လဟယ်)


No comments:

Post a Comment