Friday, August 13, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ အလှူငွေများနှင့် ဆေးဝါးများလှူဒါန်း

  


နေပြည်တော် ဩဂုတ် ၁၂

 

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက ကျန်းမာရေး  အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုး များနှင့် အလှူငွေများကို လာရောက်လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်အတွင်း ကိုဗစ်( ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြု  ရန်အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများ၊ အထောက် အကူပြုပစ္စည်းများနှင့် ဆေးဝါးများလှူဒါန်းခြင်းကို ပြည်နယ်အစိုးရ  အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက် ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စေတနာရှင်အလှူရှင်များက ငွေကျပ် ၁၇၂၅ သိန်း၊ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၀၀၊ Flow meter ၁၀၀ နှင့် ငွေကျပ် ၁၈ သိန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းမျိုးစုံတို့ကို အသီးသီးပေးအပ် လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment