နေပြည်တော် ဩဂုတ် ၁၂
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင်ဒေသတွင်း စိုက်ပျိုးမွေးမြူ ရေးနှင့်အခြား လူသုံး ကုန်လုပ်ငန်းများကုန်ထုတ်လုပ် မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ်၊ မြိတ်တပ်နယ်၌ စိုက်ပျိုး၊ မွေးမြူ ရေးဆောင်ရွက် ထား ရှိမှုနှင့် မြိတ်မြို့ ပုဂ္ဂလိကပိုင် ဥစားကြက်မွေးမြူရေးခြံတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၁ ရက်တွင် တွံတေး မြို့နယ် အရိုင်းတောင်ကျေးရွာအုပ်စု ဇောတိက ကျေးရွာရှိ Kyaw Lay Kyaw Company Limited ၏ ကျွဲ၊ နွားယာယီစုဆောင်းခြံနှင့် ရန်ကုန်ပေါက် ကျေးရွာအုပ်စုရှိ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ တွံတေးစိုက်ပျိုး မွေးမြူရေးစခန်း၌ ငါးမွေးမြူထုတ်လုပ်မှုနှင့် ထူးသစ်ကုမ္ပဏီမှ ဧက ၃၅၀ ၌ ငါး၊ ပုစွန်မွေးမြူ ထုတ်လုပ်မှုများကိုလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment