Friday, August 13, 2021

ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့်အဖွဲ့ ဗဟိုဆေးသိုလှောင်ရေးဌာန(ရန်ကုန်)နှင့် ကိုဗစ်-၁၉ ကုသရေးဌာနများသို့ ဆေးဝါးများ ခွဲဝေဖြန့်ဖြူးပေးမှု ကြီးကြပ်ကြည့်ရှု

 

နေပြည်တော် ဩဂုတ် ၁၃

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများနှင့်အတူ သြဂုတ် (၁၁) ရက် တွင် ရန်ကုန်မြို့၊ ဗဟိုဆေးသိုလှောင်ရေးဌာနသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါခံစားနေရသော လူနာများအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Multivitamin tablets နှင့် Paracetamol tablets များကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများသို့ ခွဲဝေဖြန့်ဖြူးနေမှုကို ကြီးကြပ်ကြည့်ရှုသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ ကိုဗစ်-၁၉ကုသရေးဌာန (မရမ်းကုန်း) တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုသမှုခံယူနေသော ကိုဗစ်လူနာများအတွက် Paracetamol tablets အလုံး (၃၀,၀၀၀)နှင့် Multivitamins tablets အလုံး(၃၀,၀၀၀)ကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ ကိုဗစ်-၁၉ကုသရေးဌာန (MCC) သို့ သွားရောက်ခဲ့ပြီး အဆိုပါ ကိုဗစ်-၁၉ကုသရေးဌာနတွင် ကုသမှုခံယူနေသော ကိုဗစ်လူနာများအတွက် Paracetamol tablets အလုံး (၁၀,၀၀၀)နှင့် Multivitamins tablets အလုံး(၁၀,၀၀၀)ကို ပေးအပ်သည်။

အဆိုပါ ဆေးဝါး()မျိုးကို သြဂုတ် (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် တိုင်းဒေသကြီး/ပြည်နယ် အားလုံးသို့ Myan Express ဖြင့် ဖြန့်ဖြူးပေးခဲ့ရာ စုစုပေါင်း Paracetamol tablets ဒသမ သန်းနှင့် Multivitamins tablets ၁၀ သန်းကို ဖြန့်ဖြူးပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ခံစား နေရသော လူနာများကို အဓိက ထောက်ပံ့ပေးရန်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment