Friday, August 13, 2021

မိုင်းလုံမြို့တွင် တောင်သူများဆည်ရေအဖြစ်အသုံးပြုသော နမ့်ကော်ချောင်းထပ်မံ ရေကြီးရေလျှံ မှုဖြစ် ပေါ်

 





 

မိုင်းလုံ သြဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ရှိ နမ့်ကော်ချောင်းသည် ယနေ့ နံနက် ပိုင်းအချိန်တွင် မိုးရွာသွန်းမှုများ၍ ချောင်းရေကြီးပြီး အနီးအနားရှိလယ်များသို့ ရေများထပ်မံ ဝင်ရောက်ကြောင်း သိရသည်။

နမ့်ကော်ချောင်းသည် (၂.၈.၂၀၂၁)ရက်နေ့တွင် မိုးကြီးသောကြောင့် ချောင်းဘေးရှိ လယ်များမှာ ရေလွှမ်း၍ ပျက်စီးသွားသောလယ်(၁၄.၆၆)ဧကခန့်၊ ရေတိုက်စားသော လယ်နှင့်ရေမြုပ်သော လယ်(၂)ဧကခန့်ရှိကြောင်းကို မိုင်းလုံမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦးထံကသိရပြီး ယနေ့တွင်ထပ်မံ၍ ရေကြီး‌ရေလျှံမှုဖြစ်‌ပေါ်ရာ ချောင်းအနီးရှိ လယ်များသို့ ရေများဝင်ရောက်ခဲ့ပြီး ယနေ့(၁၀း၃၀) အချိန်ခန့်ထိရေများအဆက်မပျက် ဝင်ရောက်နေကြောင်း သိရသည်။

မိုးများသောနှစ်တွင် ယခုလိုရေကြီး၍ လယ်များသို့ ရေဝင်မှုများဖြစ်ပေါ်လေ့ရှိပြီး  လယ်များသို့ ရေဝင်ပါက လယ်‌မြေအချို့ပျက်စီးခြင်း၊  စပါးအထွက်နှုန်းလျော့ခြင်းနှင့် လယ်ကန်သင်းများ ပျက်စီးသောကြောင့် လယ်သမားများမှာအရှုံးပေါ်သည်အထိ နစ်နာဆုံးရှုံးမှုရှိကြောင်း တောင်သူတစ်ဦး ဖြစ်သူ ဦးစိုင်းအောင်၏ ပြောပြချက်အရ သိရသည်။

ဇော်

No comments:

Post a Comment