Wednesday, August 25, 2021

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

 




မကွေး           ဩဂုတ်         ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ယနေ့နံနက် ၈ နာရီအချိန်က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာ အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း  သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်(၄)မျိုးနှင့် နှာခေါင်းစည်း Mask များအသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ဝင်ငွေနည်း အိမ်ထောင်စု ဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလမှာ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ဝင်ငွေနည်းပါးသော အခြေခံလူတန်းစားအိမ်ထောင်စု ၆၀၀ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ဆန် ၄ပြည်၊ ကြက်သွန်နီ ၁ပိဿာ၊ ခေါက်ဆွဲခြောက် ၅ထုပ်၊ ကြက်ဉ (၂၀)လုံး၊ နှာခေါင်းစည်း Mask (၁)ထုပ်၊ ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းလင်းထံမှ သိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ချိန်၊ သံယဇာတရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရဲမှူးကြီးသွင်ကိုကို၊ တိုင်းဒေသကြီးဉပဒေချုပ် ဦးဝင်းမြင့်နှင့် အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ် ဒုတိယတပ်မမှူး  ဗိုလ်မှူးကြီးကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုအောင်

 

 

No comments:

Post a Comment