Thursday, August 26, 2021

ဟိုပင်မြို့၌ အောက်ဆီဂျင်အိုး ၄၀ Litre ဆံ့ ၂၅လုံးနှင့် COVID -19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း





ဟိုပင်  သြဂုတ်  ၂၆

 ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြည်သူ့ဆေးရုံသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဟိုပင်မြို့ရှိနယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အောက်ဆီဂျင်အိုး ၄၀ Litre ဆံ့ ၂၅ လုံးနှင့် COVID-19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ရာ တာဝန်ခံဆရာဝန် ဒေါက်တာအောင်ကျော်ဆန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

 အဆိုပါ လှူဒါန်းမှုတွင် အောက်ဆီဂျင်အိုး ၄၀ Litre ဆံ့ ၂၅ လုံး၊ Flow meter ၁၀ ခု၊ PPE ဝတ်စုံ ၅၀ စုံ၊ရာဘာလက်အိတ် ၁၀၀ အိတ်၊ Test Kit ၁၀၀ ခု၊N95 ၁၀၀ တိုက်၊ အောက်ဆီဂျင် Mask ၁၀၀တိုက်၊ Sg mask ၃၀၀၀ ခုတို့ကို မျိုးချစ်မြန်မာပရဟိတအသင်း၊ သုခမေတ္တာပရဟိတ အသင်းနှင့် ရွာသစ်ကြီးကျေးရွာပရဟိတ အသင်းများသို့ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 တိုးတိုးမေ(ဟိုပင်)

No comments:

Post a Comment