Tuesday, August 24, 2021

ကျိုက်မရောမြို့နယ်အတွင်းရှိ ရေကြီးနစ်မြှပ်ခဲ့သောကျေးရွာများအားတိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်





ကျိုက်မရော   သြဂုတ်  ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းဇူလိုင်လအတွင်းက ရေကြီးနစ်မြှပ်ခဲ့သော ကျေးရွာ များအားတိရစ္ဆာန်အစာအိတ်များ ထောက်ပံပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရော မြို့နယ်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာမွန်ပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှူး ဒေါက်တာနီနီမော်က တိရစ္ဆာန် အစာများ ထောက်ပံပေးအပ်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်းဆွေးနွေးပြီးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာတင်ဌေးက တိရစ္ဆာန်မွေးမြူရေး အထွက်နှုန်းမကျဆင်းရေး အတွက် တိရစ္ဆာန်အစားအစာများပြတ်လပ်မှုမရှိစေရန် တိရစ္ဆာန်များအစာပြည့်ဝမှ မွေးမြူရေး လုပ်ငန်းလည်းရှင်သန်တိုးတက်မှာဖြစ်သည့်အတွက် ပြည်နယ်ဘတ်ချက်ရန်ပုံငွေဖြင့် ဒုတိယ အကြိမ်ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါတိရစ္ဆာန်အစာများပေးအပ်ရာတွင် ရေကြီးနစ်မြှပ်မှုဒဏ်အများဆုံးခံရသည့် လမုခို ကျေးရွာ၊ဦးလေးကျေးရွာ၊ ငပြေမကျေးရွာများရှိမွေးမြူရေး လုပ်ကိုင်သူတောင်သူများအားတိရစ္ဆာန်အစာ (၃၀)ကီလိုအိတ် ၂၇၅အိတ်အားထောက်ပံပေးအပ်ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှုးဒေါက်တာအောင်စိုးလင်းထံမှသိရသည်။
 ချိုမြတ်မြတ်ထွေး  (ပြန်/ဆက်)

 

No comments:

Post a Comment