ဟိုပုံး ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနခန်းမ၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ဆောင်ပုဒ်ဖြင့် ပန်းခင်း စီမံချက်အစီအစဉ်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က လွယ်အွန့်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလင်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့် အညီ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင်ပြု လုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေး ခြင်းနှင့် အိမ်ထောင်စုဆိုင်ရာ မွေးဖွား၊ သေဆုံးအိမ်ထောင်စုလူဦးရေစာရင်းမိတ္တူများကို ဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။
ပန်းခင်းစီမံချက် အရပြုလုပ်ပေးခြင်းကို အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးခြင်းကို၂၀၂၀ မေလမှ ၂၀၂၁ နိုဝင်ဘာထိ ၁၈ လ ကြာ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment