Thursday, August 26, 2021

ကျိုက်လတ်မြို့နယ်သို့ အောက်ဆီဂျင်ထုတ်စက်ရောက်ရှိ



 ကျိုက်လတ်  သြဂုတ် ၂၆

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်သို့ အောကဆီဂျင်ထုတ်စက် ယမန်နေ့ညနေ ၅ နာရီကရောက်ရှိကြောင်းသိရသည်။

အဆိုပါအောက်ဆီဂျင်ထုတ်စက်မှာကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့မိမြို့ဖများဦးဆောင်မှုဖြင့်စေတာနရှင်အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့်အောက်ဆီဂျင်ထုတ်စက်ဝယ်ယူခဲ့ရာယမန်နေ့ညနေပိုင်းကကျိုက်လတ်မြိုနယ်အောက်ဆီဂျင်ထုတ်စက်ထားရှိမည့်အဆောက်အဦဖြစ်သည့်ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်းတိုက်သို့ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။

အောက်ဆီဂျင်ထုတ်စက်ရောက်ရှိမှုအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့မိမြို့ဖများ၊OxygenPlantဖြစ်မြောက်ရေးကော်မတီဝင်များ ကြီးကြပ်မှုဖြင့် စက်တပ်ဆင်အသုံးပြုမည့်အဆောက်အဦတွင်နေရာချထားကြောင်းသိရသည်။ အောက်ဆီဂျင်ထုတ်စက်လည်ပတ်နိုင်ရေးအတွက်လုံလောက်သော လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ထရန်စ‌ဖော်မာ100KVA TRတပ်ဆင်ပြီး ဓာတ်အားစတင်လွတ်ထားပြီး အသုံးပြုရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအောက်ဆီဂျင်စက်ထားရှိမည့်နေရာ၊ အဆောက်အဦနှင့် အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုး၊ထရန်စဖော်မာများတပ်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရန်မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့မိမြို့ဖဦး‌ဆောင်မှုနှင့် စေတနာရှင်အလှူရှင်များက စုစုပေါင်းလှူဒါန်း‌ငွေ(သိန်းပေါင်း ၁၈၀၀ကျော်)ကုန်ကျခဲ့ကြောင်းနှင့် အောက်ဆီဂျင်ထုတ်စက် စတင်လည်ပတ်နိုင်ရေးအတွက် မြို့နယ်အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်မြို့မှ ကျွမ်းကျင်ပညာရှင်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးဌေးလှိုင်

No comments:

Post a Comment