Thursday, August 26, 2021

ဝါးခယ်မမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများဆက်လက်ထုတ်ပေးလျက်ရှိ

 


ဝါးခယ်မ  ဩဂုတ် ၂၆

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၁ခုနှစ်၊ သြဂုတ် လအတွက်အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများကို ယမန်နေ့နံနက်(၈) နာရီ အချိန်မှ စတင်၍ ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပင်စင်လစာ‌ငွေများကို ထုတ်ပေးရာတွင်ဩဂုတ်လ၂၃ ရက်နေ့မှစ၍ဘဏ်များ ပြန်လည် ဖွင့်လှစ်ကာ ပုံမှန်ထုတ်ပေးလျက်ရှိ‌ကြောင်း၊ ယနေ့အထိပင်စင်လစာ လာ‌ရောက်ထုတ်ယူပြီး သည့်အငြိမ်းစားဝန်ထမ်း (၁၁၂၁) ဦးရှိပြီဖြစ်ကြောင်းသိရသည်။

ယင်းသို့ ပင်စင်လစာများထုတ်‌ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိပြီး ကျန်ရှိနေသောအငြိမ်းစားဝန်ထမ်းများ ကိုလည်း ဘဏ်ဖွင့်ရက်များတွင် အဆင်ပြေချောမွေ့စွာ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

စောသန္တာဦး

No comments:

Post a Comment