Sunday, August 8, 2021

စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်အထက် ဘိုးဘွားများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးများဆက်လက်ထိုးနှံပေး

 


                                                                စဉ့်ကိုင်   သြဂုတ်    ၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ် - ၁၉  ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၆၅) နှစ် အထက် ဘိုးဘွားများ အား ယနေ့ နံနက် (၉) နာရီ  က   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊  ပလိပ်တိုက်နယ် ဆေးရုံနှင့်     ကျောက်ဆည်တက္ကသိုလ်တို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

 အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန  ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာ သိမ့်အိသူ(ပြည်သူ့ကျန်းမာ)နှင့် ပလိပ်တိုက်နယ်ဆေးရုံတွင် ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး  ဒေါက်တာသက်ကိုကိုလွင် (ရောဂါနှိမ် နှင်းရေး)၊ ကျောက်ဆည်တက္ကသိုလ်တွင်  ကျန်းမာရေးမှူး   ဒေါ်နီနီ၀င်းနှင့်    ကျန်းမာရေး၀န်ထမ်းများ၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ ၊မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၀င်များ၊ အမျိုးသမီးရေးရာအသင်း၀င်များ၊  လုံခြုံရေး တပ်ဖွဲ့၀င်များ၊  ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၈)အုပ်စု အတွင်းရှိ  (၆၅)နှစ် အထက်ဘိုးဘွားများ  အား  ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့   ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးလာရောက်  ထိုးနှှံသည့်  အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား   ကာကွယ်ဆေးထိုးနှံခြင်း   မပြုမီ    လက်သန့်ဆေးရည်ဖြင့်     လက်ဆေး စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ခြင်း၊  သွေးပေါင်ချိန်  တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask  စနစ်တကျ   တပ်ဆင်စေခြင်း  ဆေး မထိုးရ  အုပ်စု  မှန်မမှန် စီစစ်ပြီး ကာကွယ်ဆေးထိုးပြီးလျှင်  ဆေးနှင့်ဓာတ်မတည့်ခြင်း၊  ဘေးထွက် ဆိုးကျိုး  လက္ခဏာ များ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ချက်ခြင်း အရေး ပေါ်တုံ့ပြန်နိုင်ရန် အတွက်မိနစ် (၃၀)ခန့် အကြာ စောင့်ကြပ်ကြည့်ရှု ပေးခြင်း နှင့်နှာခေါင်းစည်း (Mask) များ  စီစဉ်ဆောင်ရွက်ထားရှိပြီး  စဉ့်ကိုင်မြို့နယ် အနေဖြင့် ကာကွယ်ဆေးအလုံးရေ(၈၀၀) ရရှိ၍ လူဦးရေ(၁၆၀၀) ထိထိုးနှံပေးသွား မည်ဖြစ်ကြောင်း ဇူလိုင်(၃၁)ရက်​နေ့မှ စတင်ထိုးနှံ ပေးခဲ့ရာ လူဦးရေ(၈၅၆) ဦး၊ ဆေးတစ်လုံးလျှင် (၂)ဦးနှုန်းဖြင့်  ဆေးအလုံး ရေ  (၄၂၈)  လုံး ထိုးနှံ ပေးပြီး  ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ညိုညို၀င်း(စဉ့်ကိုင်)

No comments:

Post a Comment