Friday, August 13, 2021

အောင်လံမြို့ ရေဘေးအိမ်ထောင်စုများသို့ နောင်တရားဒေသထွက်ကုန်များ ပေးပို့လှူဒါန်း

 



 

နောင်တရား   ဩဂုတ် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ အတွင်းရှိ ရောင်းဝယ်ရန်ခက်ခဲသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်များ ပူးပေါင်းဝယ်ယူ၍ လိုအပ်သော အောင်လံမြို့ ရေဘေးသင့် ပြည်သူများထံသို့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ပေးပို့လှူဒါန်းသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခွန်ရဲထွေး၏ ဦးဆောင်မှု ဖြင့် အလှူရှင်များပူးပေါင်း၍ နောင်တရား‌ ဒေသအတွင်းရှိ ဈေးနှုန်းနည်းပါး၍ ရောင်းချရန် မလွယ်ကူသော စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ်နှင့် အခြားစိုက် ပျိုးရေးထွက်ကုန်များကို ကျေးရွာအရောက် ဝယ်ယူ၍လိုအပ်နေသည့် အောင်လံမြို့ ရေဘေးသင့် ပြည်သူများထံသို့ ကုန်ချိန်(၅၀၀၀)ကျော်ခန့် ပေးပို့ လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါစိုက်ပျိုးရေးထွက်ကုန်များမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားနေသည့် ကာလအ တွင်း ကုန်သည်များဝယ်ယူမှုနည်းပါးပြီး ရောင်းချရန်မလွယ်ကူခြင်းကြောင့် နောင်တရားဒေသ အတွင်းရှိ စိုက်ပျိုးရေးထုတ်ကုန်များကို အလှူရှင်များက ဝယ်ယူ၍ လိုအပ်သောပြည်သူများသို့ ပြန်လည်လှူဒါန်းခြင်းကြောင့် စိုက်ပျိုးရေးတောင်သူများ ဆုံးရှုံးမှုနည်းပါးသွားကြောင်းသိရ သည်။

ခွန်အောင်

No comments:

Post a Comment