ကျောက်တံခါး သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူလျက် အလှူရှင်များ စုပေါင်း မတည်လှူဒါန်းသော အောက်စီဂျင်ဖြည့်တင်းစက်သည် ယမန်နေ့ နံနက်ပိုင်းတွင် အောက်ဆီဂျင်စက်ထားရှိမည့် နေရာသို့ ရောက်ရှိခဲ့ပြီး ယနေ့တွင်စတင် လည်ပတ်နေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါအ အောက်ဆီဂျင်စက်သည် ကျောက်တံခါးမြို့၊ စာတိုက်ရပ်ကွက်၊ ဦးစံကျော်လမ်း၊ မြို့နယ်ပြည်သူ့ ဆေးရုံ နောက်ကျောတွင် ထားရှိသည်။ အောက်ဆီဂျင်စက်အမျိုးအစားမှာ (QTO 93 N-20) အမျိုးအစား ဖြစ်၍ အောက်ဆီဂျင် ထွက်ရှိမှုမှာ တစ်နာရီလျှင် (40 L)အိုး (၃)အိုးခန့်ထွက်ရှိ မည်ဖြစ်ပြီး ထွက်ရှိလာသော အောက်ဆီဂျင်ကို အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စန်းစန်း

No comments:
Post a Comment