ကျောက်ပန်းတောင်း ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊
ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်း
ကို၊ ဒုတိယနေ့အဖြစ် ယမန်နေ့ နံနက်(၈)နာရီမှ စတင်၍ သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊
သာသနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်သိရသည်။
အဆိုပါ
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်
ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရန်အတွက် ဆေးထိုးစုရပ်နှစ်ခုဖြစ်သော
၊ မြို့နယ်လုံးဆိုင်ရာသာသနာ့ ဗိမ္မာန်နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင်
စုရပ်ထားရှိပြီး၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများ၊ သံဃာတော်များ၊ သာသာနာ့ဝန်ထမ်းများနှင့်
နိုင်ငံ့ဝန်ထမ်းများ၊ Volunteer များကို ထိုးနှံပေးခဲ့ရာ၊ စုစုပေါင်းလူဦး ရေ(၆၅၄)ဦးထိုးနှံပေးခဲ့ကြောင်းသိရပြီး၊
အဆိုပါ ဆေးထိုးစုရပ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်
လူမှုရေးအသင်းအဖွဲ့ဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉
ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးပြီး၊
လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေအောင်

No comments:
Post a Comment