Tuesday, August 24, 2021

သီပေါမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ



 သီပေါ   ဩဂုတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက် ထုတ်ပေး လျက်ရှိကြောင်းသိရသည်။

သီပေါမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ပင်စင်စား ဦးရေ (၁၂၃၃)ဦးရှိပြီး စတင်ထုတ်ပေးသည့်ဩဂုတ်လ ၂၃ ရက်နေ့တွင်လူဦးရေ (၄၀၀)ဦးကို ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ပင်စင်လစာငွေများကိုဘဏ်ဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူ နိုင်ကြောင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံ မှ သိရသည်။

ခင်လေး(ပြန်/ဆက်)

No comments:

Post a Comment