ဘားအံ ဩဂုတ် ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့
မြိုင်ကလေး အမှတ် (၂) ဘိလပ်မြေစက်ရုံတန် (၄၀၀၀) နှင့် တန် (၉၀၀) ဘိလပ်မြေစက်ရုံများမှ
ဝန်ထမ်းများအား ယမန်နေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ
သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ထို့သို့ သွားရောက်ထောက်ပံ့လှူဒါန်းရာတွင် အမှတ် (၂) ဘိလပ်မြေစက်ရုံ
တန်(၄၀၀၀) စက်ရုံမှူးကြီးရုံးခန်း အစည်း အဝေးခန်းမ၌ ဘိလပ်မြေစက်ရုံ
တာဝန်ရှိသူများနှင့်တွေ့ဆုံရာ စက်ရုံမှူးကြီး ဦးကျော်ကျော်စိုး၊
ဒုတိယစက်ရုံမှူးများနှင့် တာဝန်ရှိသူများက စက်ရုံဆိုင်ရာအချက်အလက်များ၊ တည်နေရာ၊အကျယ်အဝန်းနှင့်သမိုင်း၊
လုံခြုံရေးဆိုင်ရာစီမံ ဆောင်ရွက်ထားမှုများ၊ စက်ရုံဖွဲ့စည်းပုံနှင့်
ဝန်ထမ်းအင်အားခန့်ထားမှုများ၊ ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့မှု၊ မြေယာလွဲပြောင်း ပြီးစီးခဲ့မှု့၊
ဘိလပ်မြေလျာထား၊ ထုတ်လုပ်၊ဖြန့်ဖြူးနိုင်မှုအခြေအနေ၊ ဝင်ငွေ/အသုံးစရိတ်နှင့်အမြတ်ရရှိမှုအခြေအနေ၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများကို
ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး
စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး၊ ဝန်ထမ်း
မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနိုင်ရေးနှင့်
လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ
တန်(၄၀၀၀)ဘိလပ်မြေစက်ရုံဝန်ထမ်းများအတွက် ပါးစပ်နှင့်နှာခေါင်းစည် Mask ၆၀၀၀နှင့်
တန်(၉၀၀) ဘိလပ်မြေစက်ရုံဝန်ထမ်းများအတွက် Mask ၄၀၀၀ တို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
အမှတ် (၂) ဘိလပ်မြေစက်ရုံ (တန်-၄၀၀) ၏ မီးသင်းဖို ပြင်ဆင်ပြီးစီးမှုနှင့် တန်-၉၀၀
ဘိလပ်မြေစက်ရုံ လည်ပတ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ
စက်ရုံမှူးကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး
ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း

No comments:
Post a Comment