တောင်ကုတ် ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ရှင်သန်ရေးကူညီမှု ပရဟိတအဖွဲ့ (တောင်ကုတ်) နှင့် တွေ့ဆုံ မေးမြန်းမှုများ
မေး။ မင်္ဂလာပါဘုရား...အရှင်ဘုရား ဘွဲ့တော်အမည်နှင့် အသင်းအဖွဲ့ရဲ့နာမည်လေး သိပါရစေ
ဖြေ။ သာလီစွပါ....နာမည်အပြည့်အစုံက ဦးပုညာနန္ဒ ပါ၊အများသိကြတာက ဦးပုည ဖြစ်ပါတယ်၊ အသင်းနာမည်မည်က ရှင်သန်ရေးကူညီမှု ပရဟိတအဖွဲ့(တောင်ကုတ်မြို့) ဖြစ်ပါတယ်။
မေး။ ဒီအသင်းကို စတင်တည်ထောင်ခဲ့တဲ့ ခုနှစ်နှင့် ဒီအသင်းမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အဖွဲ့ဝင်ဦးရေကိုလည်း သိပါရစေ။
ဖြေ။ ခုနှစ်ပေါင်းစုံ ကျောင်းသား/ကျောင်းသူဟောင်းများ (ရှင်သန်ရေးကူညီမှု ပရဟိတအဖွဲ့-တောင်ကုတ်) အသင်းကို ဆယ်ကြိမ်မြောက် တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အာစရိယ ပူဇော်ပွဲအား(၁၉.၂.၂၀၂၀) ရက်နေ့မှာ ဦးဆောင်ကျင်းပခဲ့ပြီးခုနှစ်အလိုက် ကျောင်းသား/သူ ဟောင်းများ စုစည်းမိခဲ့ရာမှတစ်ဆင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။အသင်းတည်ထောင်တဲ့ ခုနှစ်ဆိုရင် (၁၉.၂.၂၀၂၀)လို့ပြောရပါမယ်။ အသင်းဝင်ဦးရေကတော့ (၈၀)ကျော်ရှိပါတယ်။
မေး။ ဒီ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာအရှင်ဘုရားတို့အသင်းအနေဖြင့် ကူညီအားဖြည့်မှုကိုလည်း သိပါရစေ။
ဖြေ။ ကူညီ ဆောင်ရွက်မှုကတော့....
၁။ ကုတင်(၁၀၀)ဆေးရုံသို့ တက်ရောက်မည့်Positive လူနာ၊ Accident လူနာ၊ ရိုးရိုးဖျား နာတဲ့မြို့တွင်း နယ်ဝေး လူနာအားလုံးကို ဒီအသင်းတစ်သင်းတည်းကနေ အခမဲ့ ပို့ဆောင်ပေးပါတယ်။ဆေးရုံဆင်းလူနာများကိုလည်း မြို့တွင်းရော နယ်ဘက်တွေပါ အခမဲ့ အိမ်အရောက် ပြန်ပို့ပေးပါတယ်။
၂။ မတပ်မနေရ လူတိုင်း Maskတပ်စေဖို့ ရည်ရွယ်၍Mask Campaign ပြုလုပ်ပေးပါတယ်။ လှူဒါန်းပေးပါတယ်။
၃။ Positive လူနာအိမ်များ၊လူနာနှင့်ဆက်စပ်အိမ်များ၊သေဆုံးမှုများတဲ့ ရပ်ကွက်များသို့ ပိုးသတ်ဆေးများဖျန်းပေးပါတယ်။
၄။ ဆေးရုံဆင်း အိမ်နေ လူနာများ၊ ဆေးရုံတက်လူနာများသို့ အောက်စီဂျင်များ ရှာဖွယ်၍ အခမဲ့ လှူဒါန်းပေးပါတယ်။
၅။ မြို့တွင်း၊ နယ်ဘက် Lock Down မိတဲ့ အိမ်များ၊ရေဘေး ဒုက္ခသည် အိမ်များ၊ စားဝတ်နေရေး ခက်ခဲနေတဲ့ အိမ်များသို့ ဆန်၊ ဆီ၊ ဆား ၊ငါး၊ ကြက်ဥ ၊ကြက်သွန်စတဲ့ စားနပ်ရိက္ခာများ လှူဒါန်းပေးပါတယ်။
၆။ နယ် ပရဟိတအဖွဲ့များသို့ mask , PPE, လက်သန့်ဆေး, ပိုးသတ်ဆေး , လိုအပ်သော ပစ္စည်းများလှူဒါန်းပေးပါတယ်။
၇။ ဆေးရုံ လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများသို့ ထမင်းအာဟာရနှင့် အသီးအနှံများ လှူဒါန်းခြင်း၊ သူနာပြုဝန်ထမ်းများနှင့်ဆေးရုံ သုဘရာဇာအဖွဲ့အား အားပေး ထောက်ခံခြင်းငွေ လှူဒါန်းခြင်းများ ပြုလုပ်ပေးပါတယ်။
၈။ တောင်ကုတ် အောကဆီဂျင် စက်ရုံ တည်ဆောက်ရာ၌ငွေ လှူဒါန်းခြင်းများ စတာတွေကို ပြုလုပ်ပေးပါတယ်။
မေး။ အရှင်ဘုရားတို့ အသင်းအနေဖြင့် ကိုဗစ်၁၉ရောဂါနှင့် ပတ်သက်ပြီး ဆေးရုံတွေမှာ ကူညီဆောင်ရွက်ပေးနေမှုတွေကို သိပါရစေ။
ဖြေ။ ဆေးရုံနှင့် ပတ်သက်ပြီးအောက်ဆီဂျင် စီမံခန့်ခွဲရေးနေရာ ပါဝင်လုပ်ဆောင်ပေးပါတယ်။ အောကဆီဂျင် ရှာဖွေပေးခြင်း၊ ဆေးရုံ၌အရေးပေါ်လိုအပ်လာပါက သွေးကြဲဆေး၊ FlowmeterFace shield စတာတွေ...ဆေးထည့်ရန် ရေခဲသေတ္တာ စတာတွေ လှူဒါန်းခြင်း၊
အထောက်အပံ့မရှိသော လူနာများ၊ လူနာစောင့်များအား ငွေ နှင့် နေ့စဉ် နံနက် နေ့လည် ည ထမင်း ဆန်ပြုတ်အသီးအနှံများ လှူဒါန်းပေးပါတယ်။ ဆေးရုံသန့်ရှင်းရေး၊သူနာပြု ဝန်ထမ်းများသို့ အာဟာရ ၊ ငွေ လှူဒါန်းခြင်းများ ပြုလုပ်ပေးပါတယ်။
မေး။ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိပါသလား။
ဖြေ။ အခက်အခဲတွေကတော့ ရှိပါတယ်။ပြောရရင်တော့ များပါတယ်၊ ဒါပေမယ့် ဒီအခက်အခဲ
အားလုံးကို ခေါင်းထဲမထည့်ဘဲ အကောင်းဆုံးဖြတ်ကျော်ခဲ့ပါတယ်။ အကောင်းဆုံးကိုတွေး အဆိုးဆုံးအတွက် အသင့်ပြင်ထားပြီးဖြစ်တဲ့အတွက် ပရဟိတလမ်းစဉ်၊ ရှင်သန်ရေးအသင်းရဲ့ လမ်းစဉ်ကို ထိခိုကဆီရာ မရှိပါ။
မေး။ ဒီတောင်ကုတ် ကိုဗစ် ၁၉ လူနာများအတွက်အရှင်ဘုရားတို့အနေဖြင့် အောကဆီဂျင်နှင့် ပတ်သက်ပြီးဘယ်လို အခက်အခဲတွေ ရှိပါသလဲ။
ဖြေ။ ခက်ခဲပါတယ်၊ ဒီတတိယလှိုင်းမှာ အောက်ဆီဂျင်ဟာအခက်ခဲဆုံး နေရာက ပါဝင်ခဲ့ပါတယ်။ ရှင်သန်ရေးဟာအရင်က အောက်ဆီဂျင်နဲ့ပတ်သက်ပြီး မလုပ်ခဲ့ပါ။ သို့သော်လိုအပ်ချက်အရ ကိုဗစ် တတိယလှိုင်းစတင် ဝင်ရောက်လာချိန် တာဝန်ခံဆရာဝန်နှင့် ပူးပေါင်း၍ အောက်ဆီဂျင်ကိစ္စမှာပူးပေါင်း ပါဝင်ခဲ့ပါတယ်။ အောကဆီဂျင်လိုအပ်ချက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာထိ ဖြစ်ခဲ့တာကြောင့်အောက်ဆီဂျင် စီမံခန့်ခွဲရမှု၊ ရှာဖွေရမှု၊ ရနိုင်တဲ့နေရာချိတ်ဆက်ရမှု ဘယ်အထိခက်ခဲတယ်ဆိုတာ အားလုံးအသိပါ။ အိုးခွံ တစ်လုံးလျှင် အစတုန်းက ၂၅၀၀၀၀/ခဏကြာတော့ ၃၅၀၀၀၀/ တစ်ချို့နေရာတွေမှာ ၅၀၀၀၀၀ အထက်ထိ ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲအခွံဝယ်ရလည်း တောင်ကုတ်မှာ စက်ရုံမရှိတာရယ်၊ကိုဗစ်လူနာတွေကို A.B.C ခွဲရချိန် C လူနာတွက် ဆေးရုံတက်ရတော့ တက်တဲ့ လူနာတိုင်း အောက်ဆီဂျင်ပေးရပါတယ်။ ရိုးရိုးဖျားနာဆောင်က လူနာအများစုဟာ
လည်း အောက်ဆီဂျင်ပေးရတဲ့အတွက် အောကဆီဂျင်ဟာအဆမတန် ခက်ခဲခဲ့ပါတယ်။
မေး။ အရှင်ဘုရားတို့အသင်းအနေဖြင့် ပရဟိတစိတ်ဓာတ်နှင့်ဆောင်ရွက်ရပြီး မွန်မြတ်တဲ့ လုပ်ငန်းဖြစ်တာကြောင့်အရှင်ဘုရားတို့ရဲ့ ပီတိစကားသံကိုလည်း ကြားပါရစေ။
ဖြေ။ ပီတိစကားသံကတော့ အသက်ပေးလိုက်ရတဲ့ လူနာတွေအတွက် ကြီးစွာစိတ်မ ကောင်းဖြစ်ရပါတယ်။ ခုလိုသူတစ်ပါး ဒုက္ခကိုကူညီနေရတဲ့အချိန် ကိုယ့်ကြောင့် သူ့တို့ အဆင်ပြေပြီးပြုံးနေတဲ့အချိန်၊ ဆေးရုံက အကောင်းတိုင်း ပြန်ပို့ပေးရတဲ့အချိန်၊ ကျေးဇူးတင်ပါ တယ်လို့ ကြားလိုက်ရတဲ့အချိန်ဖြစ်လာတဲ့ ပီတိတွေဟာ ပြောမပြတတ်အောင်ပါပဲ။
မေး။ အရှင်ဘုရားရဲ့ အသင်းအဖွဲ့ကိုယဆီား ပြောချင်တာရှိရင် ဖြည့်စွက် မိန့်ပေးပါ။
ဖြေ။ ရှင်သန်ရေးအသင်းကို ယုံကြည်စွာ လှူဒါန်းပေးကြတဲ့အလှူရှင်တွေအားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ရှင်သန်ရေးကူညီမှုအသင်းကို ဘယ်ချိန်မဆို အကူအညီတောင်းနိုင် ပါတယ်။၂၄ နာရီအခမဲ့ ကူညီပေးနေပါတယ်။ လိုအပ်ချက်များ အကြံပြုစရာများ ရှိရင်လည်းထောက်ပြပါ၊ အကြံပြုပေးကြပါလို့ ဖြည့်စွက်ပြောပါရစေ။သတ္တဝါတိုင်း ကိုယဆီိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
စန်းဝင်း



No comments:
Post a Comment