မင်းပြား ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသဖြင့် ဝေးလံကျေးရွာများ၌ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် မင်းပြားပရဟိတ လူငယ်များ ကွန်ယက်၊(MCYN) အဖွဲ့မှ ယနေ့နံနက် (၁၀)နာရီအချိန်က ဆန်နှင့်မီးဖိုချောင်သုံးပစ္စည်းများကို ကျေးရွာများနှင့်မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ္စည်းများထောက်ပံ့လှူဒါန်းခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးစိုးမိုး ဦးဆောင်လမ်းညွန်မှုဖြင့်မင်းပြား မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်မိသားစု စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရ၍ မင်းပြားမြို့နယ် ပရဟိတ လူငယ်များ ကွန်ယက်၊(MCYN)အဖွဲ့မှ မင်းပြား မြို့နယ် ဦးစိုးတင့်ရပ်ကွက်၊ သင်္ဂဇာကျေးရွာ၊ ဒုံးသားကျေးရွာနှင့် သေကန်ကျေးရွာများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် ကျေးရွာများရှိ ကြိုတင် စာရင်းကောက်ယူ၍ အိမ် ထောင်စု(၁၁၀)စုအတွက် ဆန်၊ ဆီ၊ အိုင်အိုဒင်းဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးခြောက်၊ ငါးခြောက် စသည့်အခြေခံစားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သိန်းနုအောင်

No comments:
Post a Comment