Wednesday, August 18, 2021

မြောက်ဥက္ကလာပမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင်အသုံးပြုနိုင်ရန် အလှူငွေများလှူဒါန်း


 


မြောက်ဥက္ကလာပ ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး ၊အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးသို့ အလှူရှင် များမှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်  အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊

ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသော မသိမ့်ရတနာဟန်မှ မွေးနေ့အလှူအဖြစ်​ငွေကျပ်(၃) သိန်း၊ ဦးမြဟန်+ဒေါ်ခင်စိန်မိသားစုက အလှူငွေကျပ်(၃)သောင်း၊ ဒေါ်အေးအေးမိုး မိသားစုမှ အလှူငွေကျပ် (၃)သောင်းကို လှူဒါန်းရာ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီ အသင်းခွဲ အမှုဆောင် ဦးစိုင်းဝဏ္ဏက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲအနေနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍"ကျွန်တော်တို့ အသင်းအနေနဲ့ ယခု အ.ထ.က (၁)ကျောင်းမှာ အသက်(၆၅)နှစ်အထက် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေပါတယ်၊ ကျွန်တော်တို့အနေနဲ့ ကျန်းမာ ရေးမကောင်းသူ၊ လမ်းမလျှောက်နိုင်တဲ့ အဘိုအဘွားများကို ဆေးလာရောက် ထိုးနှံနိုင်အောင် ကူညီဆောင်ရွက်ပေးနေပါတယ်၊ ကိုဗစ်-၁၉ ရောဂါရှိသူများအား ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်းအပြင် ပြည်သူများကျန်းမာရေး နှင့် ပတ်သက်၍ အကူအညီတောင်းခံလာပါက နေ့ညမရွေး ကူညီဆောင်ရွက်ပေးနေပါတယ်"ဟု မြို့နယ် ကြက်ခြေနီအသင်းခွဲမှ အမှုဆောင် ဦးစိုင်းဝဏ္ဏ၏ ပြောကြားချက်များကို သိရှိရသည်။

မြမြဝင်း(ပြန်/ဆက်)

No comments:

Post a Comment