ကျောက်တော် ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ယခုအခါ ကိုဗစ်-၁၉ ပိုးတွေ့သူများ ပြားလျက်ရှိပြီး အတည်ပြုလူနာအချို့နှင့်နာမကျန်းလူနာများအတွက် အောက်ဆီဂျင်ပေးထားရ သည့် အခြေအနေများကြောင့် အောက်ဆီဂျင်ပြန်လတ်မှုမရှိစေရေးအတွက် ကျောက်တော်မြို့နယ် ပြည်သူ များနှင့်စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံကို မြို့နယ်ပြည်သူ့ ဆေးဝင်းအတွင်း၌ စတင်တည်ဆောက်လျက်ရှိကြောင်း မြို့နယ်အောက်ဆီဂျင်ဖြစ် မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလူလူချေထံမှ သိရသည်။
အဆိုပါ တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံမှာ သတ်မှတ်ထားသော မြေကွက်ပေါ် တွင် ၅ ပေအမြင့်ဖောင်ဒေးရှင်ချနှင့်မြေသားဖို့ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးဖြစ်ရာ ၄င်းမြေ ကွက်ပေါ်တွင် အလျား (၅၀) ပေ၊ အနံ (၃၀)ပေနှင့်အမြင့် (၁၈)ပေရှိ RC တစ်ထပ်အဆောက်အဦး မြန်ဆန်စွာ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှ ကြိုးစား ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ ထိုသို့ ကျောက်တော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်နှင့် အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက် နိုင်ရန်အတွက် အောက်ဆီဂျင်ထုတ်လုပ်စက်ရုံတည်ဆောက်ရေးအတွက် စေတနာရှင် အလှူရှင်များမှ ငွေကျပ်သိန်း (၂၀၀) ဖြင့် မတည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူ ရှင်ပြည်သူများမှ ဩဂုတ်လ (၆)ရက်နေ့အထိ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး အတွက် အလှူ ငွေများထည့်ဝင်ကောက်ခံရမှုမှာ ငွေကျပ်သိန်း(၂၄၀၀) ကောက်ခံရရှိ ပြီးဖြစ်ကာ အဆိုပါအောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးပါက မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ အရေးပေါ် လူနာများအတွက် လိုအပ်သောအောက်ဆီဂျင်ကို အချိန်မှီ ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် လီတာ(၄၀)ဆန့် အောက်ဆီဂျင်ဗူးအလုံး(၈၀)ခန့်ထုတ်လုပ်ပေးနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)

No comments:
Post a Comment