ရန်ကုန် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးလှစိုး၊
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်၏
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး စင်တာနှင့် အောက်ဆီဂျင်ထုတ်စက်ရုံတည်
ဆောက်မည့်မြေနေရာနှင့် အောက်ဆီဂျင်စက်နှင့်
ဆက်စပ်ပစ္စည်းများရောက်ရှိနေရာချထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်သင်္ဃန်းကျွန်းမြို့နယ်
သုဝဏ္ဏဘူမိ (Event Park) ရှိ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်၏ကိုဗစ်
- ၁၉ ကာကွယ်ဆေးထိုးနှံရေးစင်တာ သို့ ရောက်ရှိရာ မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများ
အသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်းနှင့်တာဝန် ရှိသူများက ကျန်းမာရေးဝန်ကြီးဌာန၏
ခွင့်ပြုချက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ် -၁၉
ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍
သက်သာသောနှုန်းထားဖြင့် မိမိတို့၏သဘော ဆန္ဒအလျောက် ရောဂါကာကွယ်ဆေး
ထိုးလိုသူများကို အသက်အပိုင်းအခြားမရွေး၊ အလွှာမရွေး ထိုးနိုင်ရန်
ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ
ကာကွယ်ဆေးထိုးပေးရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကိုရှင်းလင်းတင်ပြပြီး
ဝန်ကြီးချုပ်နှင့် အဖွဲ့မှ ကာကွယ်ဆေးထိုးပေးနေမှုကို စင်တာအတွင်း ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှု ဖြင့်
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရုံးဝင်းအတွင်းရှိ အောက် ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်ရန် ရွေးချယ်ထားသော မြေနေရာတွင်
ပြည်ပမှ မှာယူတင်သွင်းထားသည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ
ရောက်ရှိနေရာချထားမှု များကိုကြည့်ရှု စစ်ဆေးရာ
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများ က အောက်ဆီ
ဂျင်ထုတ်စက်ရုံမှ တစ်ရက်လျှင် ၄၀ လီတာဆလင်ဒါအိုး (၂၀၀) ထွက်ရှိမည့် အခြေအနေများနှင့်
စက်ရုံတည်ဆောက်ရာတွင်ဆောင်ရွက်ပေးရမည့် လိုအပ်ချက် များကို ရှင်းလင်းတင်ပြရာ
ဝန်ကြီးချုပ်မှ ထရန်စဖော်မာတပ်ဆင်နိုင်ရန် ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
သန်လျင်မြို့နယ်တွင် တည်ဆောက်သည့်
အောက်ဆီဂျင်စက်ရုံသည် ... ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များရှိ
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသောပြည်သူများ ၊ ကုသရေးစင်တာ များနှင့်
ပြည်သူဆေးရုံများတွင် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)
No comments:
Post a Comment