Tuesday, August 24, 2021

ပေါင်မြို့နယ်၌ သံလွင်မြစ်ရေမြင့်တက်မြင့်တက်မှုကြောင့် ရေးကြီးရေလျှံမှုဖြစ်ပွားသည့် ကျေးရွာများသို့ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်

 



ပေါင်     သြဂုတ်  ၂၄

သထုံခရိုင်၊ ​ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာသို့ ယမန်နေ့ညနေ ၄နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနွင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် ကူညီရေး ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကုလားစုကြေးရွာတွင် ရေးကြီးမှုကြောင့်ဖြိုချခဲ့သည့် ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သော ယာယီကျောင်းဆောင် ဟောင်းမှ သစ်များဖြင့် ကျောင်းဆောင်သစ်၏ အနောက်ဘက်တွင် ဆရာ/ဆရာများအတွက် ဝန်ထမ်း အိမ်ရာဆောက်လုပ်ပေးရန် ပြောကြား၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကာ အားပေး စကားပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူများအတွက် ခေါက်ဆွဲခြောက်များ၊ နှာခေါင်းစည်း (Mask)များအား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment