Friday, August 13, 2021

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့တွင် အောက်ဆီဂျင်စက်ရုံတည်‌ဆောက်မည့်နေရာအား ကြည့်ရှု့အားပေး

 


မင်းလှ ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း‌ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့ ညနေပိုင်းက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့် မြေနေရာအား ကြည့်ရှု့အားပေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့် မြေနေရာအား ကြည့်ရှု့ပြီး၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီများဖြစ်သော မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထဋ်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း၊ ပရဟိတအသင်းအဖွဲ့များနှင့် အဆောက်ဦး ဦးဆောက်လုပ်မည့် ဒေသခံ ပြည်သူများတို့ဖြင့် စက်ရုံတည်ဆောက်နိုင်ရေး ကိစ္စရပ်များ၊ လျှပ်စစ်မီး သွယ်တန်းနိုင်ရေး ကိစ္စရပ်များ၊ အောက်စီဂျင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကိစ္စရပ်များနှင့် လိုအပ်သည်တို့ကိုဆွေးနွေး‌ ပြောကြားခဲ့သည်။

မင်းလှပြည်သူ့ဆေးရုံတွင် Dad Body ဆောင်ရွက်နေသော ပရဟိတလူငယ်များအတွက် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ငွေကျပ်(၅)သိန်းထောက်ပံ့ပေးအပ်ခဲ့သည်။

အောက်ဆီဂျင်စက်ရုံ အ‌ဆောက်အဦးကို မြို့နယ်စေတနာရှင်ပြည်သူများ လှူဒါန်းငွေဖြင့် အလျား ၄၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၅ ပေခန့် တည်ဆောက်သွားမည်ဖြစ်ပြီး၊ အောက်ဆီဂျင် စက်အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ အောက်ဆီဂျင်စက်သည် တစ်နာရီလျှင် (၄၀)လီတာအိုး(၁၀)အိုးရရှိပြီး တစ်ရက်လျှင် (၄၀)လီတာအိုး (၁၅၀)အိုး အထက်ရရှိမည်ရာ ဆေးရုံနှင့် ပြည်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက်များကို အချိန်မှီဖြည့် ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့က မင်းလှမြို့မဈေးအတွင်း ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ

No comments:

Post a Comment