Friday, August 13, 2021

ကံမမြို့ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းရှိ မြေသားရေမြောင်းအားအုတ်စီရေမြောင်းအဖြစ် ပြုလုပ် ဆောင်ရွက်

 




 

ကံမ ဩဂုတ် ၁၃

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင် ၊ ကံမမြို့  အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းရှိ မြေသားရေ မြောင်းအ ဖြစ်မှ အုတ်စီရေမြောင်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ပြုလုပ်ဆောင်ရွက် လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၏  ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေမှ ငွေကျပ် ၁၄၇ သိန်း ဖြင့်  ရေမြောင်း အရှည်ပေ ၄၅၀ အကျယ် ၃ ပေနှင့် အနက်  ၃ ပေအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း    ယခင်ကမြေသားရေမြောင်းဖြစ်ပြီး မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကံမမြို့နယ်စည်ပင် သာယာရေးအဖွဲထံမှ သိရသည်။

ကျော်ဇေယျဝင်း

No comments:

Post a Comment