Thursday, August 26, 2021

ဗဟန်းမြို့နယ်အတွင်း သာယာလှပသန့်ရှင်းရေးနှင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်မှ ဆောင်ရွက်





 ရန်ကုန် သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း သာယာလှပ သန့်ရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊အမှိုက်များ မြက်ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ၊ ရေစီးရေလာကောင်မွန်စေရေး၊ ရေနှုတ်မြောင်းများရေစီးရေလာ ကောင်မွန်စေ ရေး၊မြေအောက်လိုင်းများဆောင်ရွက်ရန် မြေပြင်အခြေအနေများရွေးချယ်ခြင်း၊ စည်ပင် ရေပိုက်များမြေအောက်မြောင်းများနှင့် လွတ်ကင်စေရေးပြင်ဆင်ခြင်းလုပ်ငန်းများ၊ ရေမြောင်း များ ဖောက်လုပ် ခြင်းဖြင့်ဖြစ်ပေါ်လာနိုင်သည့်အကျိုးအပြစ်များကို ချိန်ဆ၍မြေပြင်ဆောင်ရွက် ခြင်းများကို ယမန်နေ့ နံနက်၈နာရီတွင် မြို့နယ်စည်ပင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်စည်ပင်သန့်ရှင်းရေး လမ်းတံတား ရေစီးရေလာနှင့် ပန်းဥယျာဉ်အဖွဲ့တို့ ပူးပေါင်း၍ဗဟန်းမြို့နယ်၊ အနောက် ရွှေဂုံတိုင်ရပ်ကွက်၊အနောက်ရွှေဂုံတိုင်လမ်းနှင့်ရွှေဂုံလမ်း(လင့်လမ်းတောင့်)တို့တွင်(ဝဲ၊ယာ)များရှိလမ်းသားပေါ်သို့ ကိုင်းကျနေသောသစ်ကိုင်းများ မြက်ချုံများ ရှင်းလင်းခြင်း ရေမြောင်းများ၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်မွန်စေရေးတို့အတွက် ရှင်းလင်းခြင်းများဆောင်ရွက်ပြီး၊ အမှိုက်သိမ်းယာဉ်များဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်မြင့်


No comments:

Post a Comment