Friday, August 6, 2021

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအားအသိပေးနှိုးဆော်

 


                                                                        အမ်း  ဩဂုတ် ၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များကမြို့ပေါ်ရပ်ကွက်များရှိ  လူစည်ကားရာနေရာများသို့ သွားရောက်၍  ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဝင်းအိမွန် နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွနေရာများသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ယခုအခါ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ နေ့စဉ်တွေ့ရှိ လျက်ရှိပြီး သေဆုံးသူ များလည်းရှိရာ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မဖြစ်ပေါ် စေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီ နေအိမ်ပြင်ပ သို့ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စသည့်လက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ အမြန်ဆုံးသွား‌ရောက်ပြသကြရန်လို အပ်ကြောင်း လိုက်နာရမည့် အချက် ၁၄ ချက်ပါ စည်းကမ်းချက်များအား အသံချဲ့ စက်ဖြင့် အသိပေးနှိုး ဆော်ခဲ့ကြောင်း သိရှိရသည်။

ဝင်းအိမွန်

No comments:

Post a Comment