Friday, August 6, 2021

မင်းဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း နှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း


  မင်းဘူး ဩဂုတ် ၆

ဦးလှိုင်မျိုးကျော်(ကျန်းမာရေးမှူးအဆင့်-၁) ပြည်သူ့ကျန်းမာရေးဦးစီးဌာန

မေး။     ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုမှာ ဆရာရဲ့ နာမည်လေးနဲ့ ဆရာပါဝင်ဆောင်ရွက်ရတဲ့အပိုင်းလေးကို ပြောပြပေးပါရှင်။
ဖြေ။     ကျွန်တော်ကတော့ မင်းဘူးပြည်သူ့ဆေးရုံမှာ တာဝန်ကျနေတဲ့ ကျန်းမာရေးမှူးအဆင့်(၁) ဦးလှိုင်မျိုးကျော်ပါ။ တာဝန်ယူဆောင်ရွက်ရတာ ကျွန်တော်တို့က ဒီမှာ ကာကွယ်ဆေးထိုးနှံမယ်ဆို မြို့နယ်ထွေအုပ်ရော၊ ဘာတွေရော သူတို့စီစဉ်ပြီး စာရင်းကောက်တာတွေရှိတယ်။ ကျွန်တော်တို့ကတော့ ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ ဆရာ/ဆရာမတွေနဲ့ ချိတ်ဆက်ပြီးတော့ ကာကွယ်ဆေးထုတ်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းတွေ ပြင်ဆင်ဆောင်ရွက်ရတာပေါ့။

မေး။     ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုမှာ ဆရာက ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေနဲ့ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခွင့်ရတဲ့ အပေါ်မှာလည်း ပြောချင်တာလေးရှိရင် ပြောပြပေးပါရှင့်။

ဖြေ။     ကာကွယ်ဆေးဆိုတာကတော့ တစ်ကယ်တော့ ဘာပဲဖြစ်ဖြစ်ကောင်းတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အတွက်             ကိုယ့်ဘက်ကနေ ကိုယ်တတ်နိုင်သလောက် လုပ်ပေးရတာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။

မေး။     ကိုဗစ် ကာကွယ်ဆေးထိုးနှံခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကိုလည်း သိအောင် ပြောပြပေးပါအုံးရှင့်။

ဖြေ။     အဓိက ကျွန်တော်တို့ကတော့ ဘာပြောချင်လဲဆိုတော့ ကျွန်တော်အဓိကပြောချင်တာက ဘယ်ရောဂါပဲဖြစ်ဖြစ် ကူးစက်            ရောဂါနှင့်ပတ်သက်လာရင် ရောဂါဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဆိုတော့ ကာကွယ်ဆေး  ထိုးနှံခြင်းလုပ်ငန်းတွေဆိုတာလည်း ဒါလည်းကာကွယ်ခြင်းနည်းလမ်းတစ်ခု ဖြစ်တာဖြစ်တဲ့အတွက် ကောင်းတယ်လို့ပဲ         ပြောချင်ပါတယ်။

မေး။     ကျွန်မတို့ ဒီမင်းဘူးမြို့မှာလည်း ဆေးအလုံးရေရောက်ရှိမှု နှင့် ထိုးနှံပေးမှုအခြေအနေလေးတွေကိုလည်းပြောပြပေးပါ  အုံးရှင့်။

ဖြေ။     ကျွန်တော်တို့ မင်းဘူးမြို့နယ်အနေနဲ့ ဆေးအလုံးရေရောက်တာကတော့ ပထမကျွန်တော်တို့ သွားထုတ်ထားတာ အလုံး   ရေပေါင်း(၁၀၅၀) ရှိပါတယ်။ သူကတစ်လုံးကို (၂) ယောက်စာပါတာ ဆိုတော့ လူဦးရေစုစုပေါင်း (၂၁၀၀) စာပဲရပါတယ်။ နောက်ထပ်လည်း သူတို့ထပ်ထုတ်ရမယ် လို့တော့ ပြောထားတာရှိပါတယ်။ လောလောဆယ်တော့ လက်ရှိအချိန်ထိ ကျွန်တော်တို့ အဲဒီလောက် ထုတ်ပြီးသွားပါပြီ။

မေး။     ဆရာနောက်ထပ်ဖြည့်စွက်ပြီး ဘာများပြောချင်ပါသေးလဲရှင့်။

ဖြေ။     တခြားတော့ထူးထူးခြားခြားမပြောချင်ပါဘူး။ လူထုတစ်ရပ်လုံးကို ပြောချင်တာပါ။ မိမိကစ၍ ကိုယ်တိုင်ကာကွယ်ပြီး ဒီ          ရောဂါကိုတိုက်ထုတ်ကြပါလို့ပဲ ပြောချင်ပါတယ်။

ဦးဇော်နန္ဒဝေ(တပ်ခွဲမှူး) စကုမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့

မေး။     ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုမှာ ဆရာ့ရဲ့နာမည်လေးနဲ့ ဆရာပါဝင်ဆောင်ရွက်ရတဲ့အပိုင်းလေးပြောပြပေးပါရှင့်။         

ဖြေ။     ကျွန်တော့နာမည် ဦးဇော်နန္ဒဝေပါ။ တပ်ခွဲမှူး စကုမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အသင်းခွဲငယ်ဖြစ်ပါတယ်။     

မေး။     ဆရာအခု ကာကွယ်ဆေးလာပြီးတော့ မထိုးတဲ့သူတွေကိုလည်း ဆရာဘာများပြောချင်ပါသေးလဲရှင့်။

ဖြေ။     ကာကွယ်ဆေးလာပြီးတော့ မထိုးတဲ့သူတွေကို ခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်ပြီးတော့                        ရောဂါပြန့်ပွားနေတယ်။ ပြန့်ပွားနေတဲ့အတွက်ကြောင့်မို့ ကာကွယ်ဆေးထိုးသင့်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။

မေး။     ကာကွယ်ဆေးထိုးတဲ့အခါမှာရော အခက်အခဲလေးတွေရှိလား။ 

ဖြေ။     ကျွန်တော်တို့ဆီမှာတော့ အခက်အခဲမရှိပါဘူး။ အခက်အခဲလည်းမရှိဘူး။ တစ်နေ့ကို (၁၀၀)/ (၁၀၀) ဆိုတော့ သူ့ဟာနဲ့သူ ထိုးချင်တဲ့သူများတယ်။ ကာကွယ်ဆေးလာထိုးတဲ့သူများတယ်။ ကျွန်တော်တို့ဒီမှာ တာဝန်ယူနေတာက မြို့နယ်            မီးသတ်တပ်ဖွဲ့ရယ်၊ ထွေအုပ်၊ ကျန်းမာရေးအဖွဲ့အစည်းတွေပေါ့၊ ဒီစစ်တပ်တို့ ကြက်ခြေနီကဆို (၃) ယောက်၊ မြို့နယ် မီးသတ်ကဆိုလည်း(၃) ‌ယောက် အကုန်လုံး ဝိုင်းပြီးတော့ ပါဝင်ကူညီကြပါတယ်။

မေး။     ဒီမှာဆေးဘယ်လောက်ရောက်ပါသလဲရှင့်။

ဖြေ။     ကျွန်တော်တို့ လူ(၁၀၀) စာရောက်ပါတယ်။ တစ်နေ့ကို လူ(၁၀၀) နဲ့ (၅) ရက်ထိုးသွားမှာ ဖြစ်ပါတယ်။              

ဒေါ်ကြူ - ပြည်သူတစ်ဦး (မင်းဘူးမြို့ ရွာသာယာကျေးရွာ)                  

မေး။     အန်တီရဲ့နာမည်လေးနဲ့ ဘယ်နေရာကနေ ကာကွယ်ဆေး လာရောက်ထိုးနှံရတယ်ဆိုတာကို ပြောပြပေးပါအုံးရှင့်။           

ဖြေ။     အန်တီက မင်းဘူးမြို့နယ် ရွာသာယာကျေးရွာကပါရှင်။ ဒေါ်ကြူဖြစ်ပါတယ်ရှင်။          

မေး။     ကာကွယ်ဆေးထိုးနှံဖြစ်တဲ့ အကြောင်းလေးကိုလည်း ပြောပြပေးပါရှင်။

ဖြေ။     ဟုတ်ကဲ့ရှင်။ အန်တီကတော့ ကိုယ့်မိသားစုရယ်၊ ကိုယ့်အိမ်နီးနားချင်း ပတ်ဝန်းကျင်ရယ်၊ တကမ္ဘာလုံးမှာရှိသော ခုနစ်ရက်          သားသမီးတွေအားလုံး ကျန်းမာဖို့အတွက် ဒီကာကွယ်ဆေးကို လာပြီး ထိုးတာပါရှင်။    

မေး။     ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့အပေါ်မှာရော အန်တီအနေနဲ့ ဘယ်လိုခံစားရပါသလဲရှင့်။  

ဖြေ။     ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့အတွက် အားလုံးပဲ လူကြီးတွေရော၊ အရာရှိတွေရော၊ ဆရာဝန်၊ ဆရာမတွေ ဒေါက်တာတွေရော အားလုံး အမေကြီးတို့ ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ အားလုံပဲ အတိုင်းမသိ အမေကြီးတို့ ဝမ်းသာပါတယ်။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်။

သူဇာစိုး

No comments:

Post a Comment