မင်းလှ ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူ (၂၅၀) ဦးအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်၊ မြို့နယ် အတွင်းကာကွယ်ဆေးများကို ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ရောဂါကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ကို မဖြစ်မနေထိုးကြရန် အမှာစကား ပြောကြားသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာပေါင်း (၆၆) အုပ်စုအတွင်း ကိုဗစ်ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူ (၂၅၀) ဦးအတွက် ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်အိတ်(၁၄၅) အိတ်အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင် ရာရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံ ပေးအပ်ခဲ့သည်။
အဆိုပါ ဆန်အိတ်များကို ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကိုဗစ်ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူဒေသခံပြည်သူ (၂၅၀) ဦးအား အမြန်ဆုံး ခွဲဝေထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ပေါက်စ

No comments:
Post a Comment