ဝါးခယ်မ ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု ၊ ဟင်္သာဒုံး ကျေးရွာတွင် ဩဂုတ်လ ၂၃ရက်နေ့ နံနက်(၁၁:၂၀)အချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်
မြစ်ကမ်းပါးအရှည် (၁၈၀)ပေ၊ အကျယ် (၄၀)ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရစ္ဆာန်နှင့်
အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သောလူနေအိမ် (၆)လုံးနှင့်မိသားစုဝင်များအား
ရွှေလောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ရွှေ့ပြောင်းခဲ့သည့်
နေအိမ်များ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်(၂၂)သိန်း ဖြစ်ကြောင်းသိရသည်။
ဟင်္သာဒုံးကျေးရွာအုပ်စုတွင် ဟင်္သာဒုံး၊
ကံစု၊ ငှက်စု၊ ကုလားကျွန်း၊ ကူးတို့ဆိပ်သောင်၊ ကုလား ကျွန်းသောင်၊ အရှေ့သောင်တန်းစသည့်
ကျေးရွာ(၇)ရွာရှိကြောင်း၊ ကျေးရွာအုပ်စုအတွင်း အိမ်ခြေ (၁၂၃၄)လုံး၊ အိမ်ထောင်စု (၁၂၄၉)စု၊
လူဦးရေ ကျား(၂၅၃၄)ဦး၊ မ(၂၆၆၁)ဦး၊ ပေါင်း (၅၁၉၅)ဦး နေထိုင်ပြီး ဟင်္သာဒုံးရွာမကျေးရွာတွင်
အိမ်ခြေ (၁၈၈)လုံး၊ အိမ်ထောင်(၁၉၀)စု၊ လူဦးရေ ကျား (၃၇၅)ဦး၊ မ(၃၉၀) ဦး၊ ပေါင်း(၇၆၅)ဦးနေထိုင်ကြောင်းနှင့်
၎င်းကျေးရွာ အုပ်စုသည် ဧရာဝတီမြစ်ကမ်းပါးအနီးတွင် တည်ရှိသောကြောင့် အလားတူမြစ်ကမ်းပါး
ပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရရပါသည်။


No comments:
Post a Comment