Monday, August 23, 2021

ဖောင်းပြင်မြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်၍ လူနေအိမ်များသို့ ရေများဝင်ရောက်

 





 

ဖောင်းပြင် ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရပ် ကွက်နှစ်ရပ်ကွက်ရှိ မြေနှိမ့်ပိုင်းတွင်နေထိုင်ကြသည့် ပြည်သူတို့၏ နေအိမ်ခြံ ဝင်းအတွင်းသို့ ရေဝင်ရောက် မှုများဖြစ်ပေါ်လျက်ရှိပြီး ကျေးရွာအချို့တိုမှာလည်း ရေဝင်ရောက် မှုများဖြစ်ပေါ် နေကြောင်းသိရသည်။

ယနေ့တိုင်းထွာချက်အရ  မြို့၏စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၃၂၅စင်တီမီတာသို့ ရောက်ရှိရန် စင်တီမီတာအလိုတွင် ရောက်ရှိနေပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ရုံး ချုပ်မှလည်းယခုလအတွင်း မြို့၏စိုးရိမ်ရေမှတ်အထက်သို့ တစ်ကြိမ်ခန့် ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ထားကြောင်း ဖောင်းပြင်မြို့နယ်မိုးလေဝသနှင့်ဇလဗေဒ တိုင်းထွာရေးစခန်း၊ စခန်းမှူး ဦးထွန်းတင်ထွေးထံမှ သိရသည်။


ကိုထွန်း

No comments:

Post a Comment