Monday, August 23, 2021

မင်းပြားမြို့၌ Covid – 19 ကူးစက်မြန်ရောဂါကြောင့် ရပ်နားထားရသည့် ရွှေပြည်တန်အမြန်ယာဉ် မနက် ဖြန်ပြန်လည်ပြေးဆွဲ

 



မင်းပြား  ဩဂုတ် ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ယခုလက်ရှိဖြစ်ပွားနေသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကြောင့် ခေတ္တရပ်နားထားရသည့် ရွှေပြည်တန်အမြန်ယာဉ်သည် မနက်ဖြန် ဩဂုတ်(၂၄)ရက်နေ့မှ စတင်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မင်းပြား-စစ်တွေ  ၊ စစ်တွေ-မင်းပြားသို့ နေ့စဉ်ပုံမှန် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်၏ အဓိကရေလမ်းခရီးသွားပြည်သူများ၏ အားထားစရာဖြစ်သည့် ရွှေပြည်တန် အမြန်ယာဉ် သည် Covid-19 ရောဂါကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းCovid-19 ရောဂါကူးစက်မှုများပြား လာခဲ့သဖြင့် ခေတ္တယာယီရပ်နားခဲ့ရာမှ ယခုအခါ Covid-19 ရောဂါကူးစက်မှုလျော့နည်းလာသဖြင့် ခရီးသွား ပြည်သူများ အနေဖြင့်လုံခြုံစိတ်အေးချမ်းစွာ ခရီးသွားနိုင်ရန် ဩဂုတ်(၂၄)ရက် နံနက်(၆)နာရီ(၁)ကြိမ်နှင့် နံနက်(၁၁)နာရီ (၁)ကြိမ် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းနုအောင်

 

No comments:

Post a Comment