ပန်းတနော် သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ကြည့်ရှုစစ်ဆေးပြီး အားပေး စကား ပြောကြားခဲ့သည်။
ပန်းတနော်မြို့ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် အောင်သပြေကုမ္ပဏီ မိသားစုတို့က လှူဒါန်းသည့် အောက်စီဂျင်စက်ရုံ တည်ဆောက်ရာသို့ တိုင်းဒေသကြီဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်တာဝန်ရှိများရောက် ရှိလာပြီး စက်ရုံတည်ဆောက်ရေး တာဝန်ခံဦးတင်စိုးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး မြို့နယ်ဆရာဝန်ကြီး၊ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် တွေ့ဆုံကာ လမ်းညွှန်အား ပေးစကားပြောကြားခဲ့ပြီး အောက်စီဂျင်အိုး (၄၀လီတာ) (၁၀) လုံးနှင့်အလှူငွေ (၅) သိန်းကျပ်အား ဝန်ကြီးချုပ်မှပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)

No comments:
Post a Comment