မိုင်းခုတ် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု ဆင်းဧရီ-၃ မိုးစပါးမျိုးသန့်စံပြစိုက်ခင်းများအား သွင်းအားစု ယူရီးယားဓါတ်မြေဩဇာ ကြဲပက်ခြင်း ကို ယနေ့ နံနက်ပိုင်းက တောင်သူဦးစိုင်းဆမ်၏ လယ်၌ပြုလုပ်ခဲ့သည်။
ယူရီးယားဓါတ်မြေဩဇာ ကြဲပက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစဌေးဝင်းက ဓါတ်မြေ ဩဇာကျွေးရာ၌ သွင်းအားစုမြေဩဇာကို အခဲဖြစ်မှုမရှိစေရေး စနစ်တကျချေဖျက်ပြီး နေရာကွက် ကျန်မှုမရှိစေအောင် လယ်ကွင်းအနှံ့စနစ်တကျ ကြဲပက်ရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ယူရီးယားမြေဩဇာများ စုပေါင်းကြဲပက်ခဲ့ကြကြောင်းသိရသည်။
မိုင်းခုတ်မြို့တွင် ၂၀၂၁-၂၀၂၂ ခု မိုးစပါး စိုက်ပျိုးထားရှိမှုမှာ လယ် ၃၆၀၂ ဧက၊ ယာ ၁၈၆၅ ဧကနှင့် တောင်ယာစိုက်ပျိုးမှု ၁၁၀၀ ဧက စုစုပေါင်း ၆၅၆၇ ဧကရှိကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။
အားချာ



No comments:
Post a Comment