Saturday, August 7, 2021

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အောက်ဆီဂျင်စက်ရုံ တည် ဆောက်နေမှု၊ သိပ္ပံနည်းကျ စိုက်ခင်းစနစ် စံပြကွက်နှင့် ဆေးသို လှောင်မှုနှင့် ပြည်သူများကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုတို့အား ကြည့်ရှု

 


လပွတ္တာ  သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ သည် ယနေ့ နံနက် (၁၀)နာရီက လပွတ္တာခရိုင်၊ ၃မိုင်မြို့သစ်ရှိ ဆရာ တော်များဦးဆောင်သည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုအ ခြေများအားကြည်ရှုခဲ့ရာ စက်ရုံတည်ဆောက်နေမှုနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဌေးက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ရက် နေ့တွင် စတင်ပန္နက်ရိုက်ခဲ့ပြီး အုတ်မြစ်ချတည်ဆောက်လျက်ရှိကြောင်း ရန်ကုန်မှ တရုတ်နိုင်ငံထုတ် စက်အမျိုးအစားXTFY-20/ 90 ISO.13485,ISO. 9001,CEEUအောက်ဆီဂျင်ထုတ်လုပ် နိုင်မှုပမာဏ (၁)နာရီလျှင် 40Lအိုး(၃၅)အိုးနှုန်း ၁၀နာရီကြာမောင်း နှင်း၍ ထုတ်လုပ်နိုင်မည့် စက်အား ရက် ၅၀ အတွင်းအပြီးတပ်ဆင် ဆောင်ရွက်နိုင်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ဝန်ကြီးချုပ်ကလိုအပ်သည်များ ညွှန်ကြားခဲ့သည်။

 

ထိုမှတစ်ဆင့် လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာအုပ်စု၊ အောက် ချောင်းကျေးရွာ သိပ္ပံနည်းကျ စိုက်ခင်းစနစ်စံပြကွက်သို့ရောက်ရှိကာ ပေါ်ဆန်းရင်၊ ပေါ်ဆန်းကြီး၊ ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း တို့၏ ဆန်အရည်အသွေး၊ စားသုံးမှုအရည်အသွေးများကိုနှိုင်းယှဉ် ရှင်းပြခဲ့ပြီး ဓာတ်မြေသြဇာကြီးမြှင့်မှုကို အစားထိုးဆောင်ရွက်နိုင်ရန် ယူရီးယား ဓာတ်မြေသြဇာ (၁)ဆ သဘာဝဓာတ်မြသြဇာ(၃)ဆကို တစ်ညသိပ်ရောနှောပြီးစိုက်ခင်းများကိုပတ်ကြဲခြင်းအားဖြင့် ယူရီးယားမြေသြဇာ၏ ပါဝင်မှုများကို အများဆုံးအပင်များမှစားသုံးနိုင်မည်ဖြစ်ကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်ကရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များ ညွှန်ကြားခဲ့သည်။

ဆက်လက်ပြီးလပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်းတွင် ဆေးသိုလှောင်ရုံနှင့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးမှုကိုကြည့်ရှုကာ အလှူငွေနှင့် PPE ဝတ်စုံ(၁၀၀)တို့ကို လှူဒါန်းခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်လပွတ္တလုတ်တောင်ကျေး ရွာအုပ်စု၊ ဘုရားကြီးကုန်း ကျေးရွာရှိ ရှင်စောမြတ်စေတီတော်အား လှည့်လည် ဖူးမျှော်ကြည်ညိုခြင်း၊ ဘုရားလောင်းဝေသံမဏ္ဍပ် အတွင်း မဟာပဋ္ဌာန်းပူဇော်လျက်ရှိသည့် သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်း များဆက်ကပ်လှူဒါန်းခဲ့ပြီး မြောင်းမြမြို့သို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရသည်။

ယောဧရာ(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment