Saturday, August 7, 2021

အောက်ဆီဂျင်စက်ရုံတွင်အသုံးပြုရန် အသစ်မှာယူထားသော မီးစက် ကျောက်တော်မြို့နယ် ပြည်သူ့ ဆေးရုံ သို့ စတင်ရောက်ရှိ

 


 


 

ကျောက်တော်   ဩဂုတ် ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါအမြန်ကုစားနိုင်ရေးအတွက် လိုအပ်သောအောက်ဆီဂျင်များ လုံလောက် စွာ ထုတ်လုပ်နိုင်ရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးအတွက် စေတနာရှင်၊ အလှူ ရှင်များ ထံမှထည့်ဝင်လှူဒါန်းငွေဖြင့် အသစ်မှာယူထားသော လျှပ်စစ်မီးစက်မှာ ယနေ့ နံနက်ပိုင်း၌ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံသို့ စတင်ရောက်ရှိလျှက်ရှိကြောင်းသိရသည်။

ထိုသို့ ကျောက်တော်မြို့နယ်အတွင်း ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင် ရန်နှင့် အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ဆီဂျင် ထုတ် လုပ် စက်ရုံတည်ဆောက်ရေးအတွက် စေတနာရှင်အလှူရှင်များမှ ငွေကျပ်သိန်း (၂၀၀) ဖြင့်မ တည်‌ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အဆိုပါစက်ရုံမှာ အလျား(၅၀) ပေ၊ အနံ( ၃၀) ပေနှင့်အမြင့်(၁၈) ပေရှိပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူ ရှင်ပြည်သူများမှ ဩဂုတ်လ (၆)ရက်နေ့အထိအောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် အလှူ ငွေများထည့်ဝင်ကောက်ခံရမှုမှာ ငေွကျပ်သိန်း(၂၄၀၀)ကောက်ခံရရှိပြီးဖြစ်ကြောင်း အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးကော်မတီဘဏ္ဍာရေးမှူး ဦးမောင်ဝင်းထံမှသိရသည်။ ဆက်လက်၍ မြို့ နယ် ပြည်သူ့ဆေးရုံအတွင်းရှိ အရေးပေါ်လူနာများအတွက် လိုအပ်သောအောက်ဆီဂျင်ကို အချိန်မှီ ဖြည့်ဆည်းပေးနိုင်ရေး၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ယခုလိုအောက်ဆီ ဂျင်စက်ရုံ တည်ဆောက်ရန်စီစဉ်ရခြင်းဖြစ်ပြီး အဆိုပါ စက်ရုံတည်ဆောက်ပြီးပါက တစ်နေ့လျှင် လီတာ(၄၀) ဆန့်အောက်ဆင်ဂျင်ဗူးအလုံး(၈၀)ခန့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း

            

No comments:

Post a Comment