ပုလော သြဂုတ်လ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးလွင်နှင့် အရာရှိ စစ်သည်၊ မိသားစုများမှ ပုလောမြို့နယ်တွင် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ရန် အတွက် ငွေကျပ် ၁၀ သိန်းကို ယနေ့ နံနက် ၉ နာရီက ပုလောမြို့ လယ်ဝိုင်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကောဝိဒ ထံသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်ရှိ
ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံကို
လယ်ဝိုင်းကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကောဝိဒ ဦးဆောင်၍ ရပ်ဝေး၊ ရပ်နီးမှ စေတနာရှင်
မိဘ ပြည်သူများစုပေါင်း အားဖြင့် တည်ဆောက် နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ ရပ်ဝေးရပ်နီးမှ
သံဃာတော်အရှင်သူမြတ်များ၊ ပြည်သူများက လာရောက် လှူဒါန်းလျက် ရှိရာ ဇူလိုင်လ ၂၂ ရက်နေ့မှ
သြဂုတ်လ ၆ ရက်နေ့ထိ ငွေကျပ် (၁၁၂၆၁၈၀၀၀/−) ကို ရရှိနေပြီ ဖြစ်ကြောင်းသိရပါသည်။
အေးအေးမော်
(ပုလော ပြန်/ဆက်)

No comments:
Post a Comment