ပဲခူး ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်း က ပဲခူးတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါလူနာများအသုံးပြုရန်အတွက် ပဲခူးဆေးရုံကြီး အောက်ဆီဂျင်ဖြန့်ဖြူးရေး ဌာနသို့ အောက်ဆီဂျင်၄၀ လီတာဝင်အိုး အလုံးပေါင်း(၂၅၀)လုံး ရောက်ရှိဖြန့်ဖြူးမှုအခြေအနေကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အောက်ဆီဂျင် ၄၀ လီတာဝင် အိုးများကို တရုတ်နိုင်ငံမှ ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့ အစီအစဉ်ဖြင့် မှာယူဆောင်ရွက်ခြင်းဖြစ်ပြီး ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်း လိုအပ်လျက်ရှိသော ခရိုင်၊ မြို့နယ်များသို့ စနစ်တကျ အချိန်မီ ဖြန့်ဝေဆောင်ရွက်ပေး လျက်ရှိကြောင်း ပဲခူးတိုင်း ဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။
မျိုးမင်းထွန်း

No comments:
Post a Comment