Friday, August 6, 2021

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အလှူငွေပေးအပ်လက်ခံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်

 


                                                                ထားဝယ်  သြဂုတ်  ၆

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် အလှူငွေပေးအပ်လက်ခံပွဲအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ အချိန်က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ၊ တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ဝန်ကြီးချုပ်ဦးမြတ်ကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဦးမြတ်ကိုက ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကုသရေးတွင်လိုအပ်မည့်  အောက်ဆီ ဂျင်အိုးများ ရရှိရေးမှာယူထားရှိပြီး ဖြစ်ပါကြောင်း၊ လိုအပ်ပါက ထပ်မံမှာယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လိုအပ်သည့်အောက်ဆီ ဂျင်ဖြည့်ဆည်းနိုင်ရေး အတွက် ထားဝယ်မြို့အပြင် မြဝတီမြို့၊ ကော့သောင်းမြို့နှင့် မြိတ်မြို့တို့၌  သွားရောက်ဖြည့်ဆည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထားဝယ်မြို့တွင် အောက်ဆီဂျင် ၄၀ လီတာအိုး တစ်ရက်လျှင် အလုံးရေ ၁၅၀ မှ ၂၀၀ အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် စက်ကိုလည်းမှာ ယူထား ရှိပြီးဖြစ်ရာ သြဂုတ်လ ၁၁ ရက်နေ့တွင် ရောက်ရှိမည်ဟု သိရပါကြောင်း၊ ကာကွယ်ရေး လုပ်ငန်း များနှင့် အသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက် လက်ဆောင်ရွက်ကြရန်လိုအပ် သည်ဖြစ်ရာ ကော်မတီအဖွဲ့ဝင်များ အနေဖြင့် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ချိတ်ဆက်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ယခုလက်ရှိ ဆေးရုံများနှင့် ကုသရေး စင်တာ များတွင် ရှိသော သံသယလူနာများ၊ကိုဗစ်လူနာများကို အားပေးနှစ်သိမ့်ခြင်း၊ အသိပညာပေးခြင်းများဖြင့် စိတ်အား ငယ်ခြင်းများမဖြစ်ရအောင် ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး သက်စိုးနှင့် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍ အလိုက်ဆောင်ရွက်နေမှုအခြေအနေများနှင့် ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ စနစ်တကျဖြင့် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး အခြေခံလိုအပ်ချက် များကို တင်ပြ ဆွေးနွေးကြရာ ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများ ထိရောက်အောင်မြင်မှု ရှိစေရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အလှူငွေ ပေးအပ်လက်ခံပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် မြိတ် ဖိုးလမင်းကုမ္ပဏီလီမီတက် မှ အလှုငွေကျပ်သိန်း(၅၀)၊ Sky Home  ကုမ္ပဏီလီမီတက်မှ အလှူငွေ ကျပ် သိန်း(၅၀)တို့ကို ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်ကိုယ်စား ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ချိုက လက်ခံရယူပြီး ကျေးဇူးတင် ဝမ်းမြောက် စကားပြောကြားကာ  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

တိုင်းဒေသကြီး ပြန် / ဆက်

No comments:

Post a Comment