ကော့သောင်း သြဂုတ် ၆
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေး ကိစ္စအခက်အခဲများ တစ်စိတ်တစ်ဒေသအဆင်ပြေစေရန်ရည်ရွယ်ကာ မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ ဆိုင်ကယ်ကယ်ရီသမားများ၊ခ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များအား ယမန်နေ့ နံနက်ပိုင်းက ကြက်ဥနှင့် ခေါက်ဆွဲခြောက် များကို မြို့ပေါ်ရပ်ကွက်လမ်းများပေါ်ရွှေ့လျားစနစ်ဖြင့်လိုက်လံ ထောက်ပံ့လှူဒါန်း လျှက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါပရဟိတ အဖွဲ့သည် ကော့သောင်းမြို့၏ ကမ်းနီး၊ကမ်းဝေးငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းဖုန်း အရောင်းဆိုင် လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်းလှူဒါန်းကူညီမှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကြောင့် စားဝတ်နေရေး အခက် အခဲဖြစ်ပေါ်နေမှုအား တစ်စိတ်တစ်ဒေသအထောက်အကူ ဖြစ်စေရန် ရည်ရွယ်ကြောင်း၊ ယနေ့ထောက်ပံ့မှု အဖြစ်ကြက်ဥ အလုံး(၅၅၀၀)ခန့်နှင့် အသင့်စားခေါက်ဆွဲခြောက် ထုတ်များကို သီရိမြိုင်၊ အေးမြကန်သာ ၊ အောင်သုခ ၊ ရွှေမင်းဝံ ၊ ပိတောက်ရွှေဝါ၊ ဘုရင့်နောင် ၊ အဏ္ဏဝါ ရပ်ကွက်များရှိ ဆိုင်ကယ် ကယ်ရီသမားများ၊ ခေါင်းရွက် ဗျက်ထိုး ဈေးသည်များအား လူစုလူဝေးမဖြစ်ပေါ်စေရန်မိုဘိုင်းပုံသဏ္ဍန်ဖြင့် လိုက်လံဝေငှ ပေးခြင်းဖြစ်ကြောင်း ပရဟိတအဖွဲ့ခေါင်းဆောင် ဦးမိုးတိမ်၏ ပြောဆိုချက်အရ သိရသည်။
ထို့အပြင် ပြည်သူများအား ပေါ့လျော့မှုမရှိ ကျန်းမာရေးအသိ သတိဖြင့် နေထိုင်ကြရေး၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအား ဆက်လက် ဝိုင်းဝန်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် လိုက်လံနှိုးဆော် အသိပညာပေးကာ နှာခေါင်းစည်းများ အားလူတစ်ဦးခြင်းစီသို့ ဝေငှလှူဒါန်းပေးခြင်းလုပ်ငန်းများ ကိုလည်းဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)

No comments:
Post a Comment