ဟားခါး သြဂုတ် ၆
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်အတွက် ခွဲဝေရရှိသည့် ကိုဗစ်-၁၉ ကာကွယ် ဆေးများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် အမြန်ဆုံးဖြန့်ဝေရန်လိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးများကို သတ်မှတ် ထား သည့် နယ်ပယ်အလိုက် ဦးစားပေးအဆင့်အတိုင်း သြဂုတ်လ ၉ ရက်နေ့မှ စ၍ ထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင် စီမံထားရန်၊ မြို့နယ်အလိုက် ဆေးထိုးစုရပ်များ စနစ်တကျစီစဉ် ထားရှိရန်နှင့် ကာကွယ် ဆေးထိုးနှံမည့်သူများ မကျန်ရှိစေရေး ကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်း အမှာ စကားပြောကြား သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်ယူရရှိမှု၊ မြို့နယ်များသို့ ခွဲဝေမှုနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက် မှုအခြေအနေ၊ အောက်ဆီဂျင်သိုလှောင်ထားရှိမှု အခြေအနေနှင့် စောင့်ကြည့်လူနာလက်ခံ စင်တာများတွင် လူနာလက်ခံ စောင့်ကြည့်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များ အပေါ် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။ ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို သြဂုတ်လ ၉ ရက်နေ့မှစ၍ ဦးစားပေး ဆင့်အလိုက် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများကို စတင်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက် )
No comments:
Post a Comment