ရွှေသောင်ယံ သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စုအတွင်းရှိ ပေါက်တူး ကွင်း ကျေးရွာ၊ ပေါက်လှဂျိုင်ကျေးရွာ၊ ကုလားချောင်းကျေးရွာ၊ ပုန်းညှက်မော် ကျေးရွာ၊ ချောင်းဝဂျိုင် ကျေးရွာစသည့် ကျေးရွာ(၅)ရွာအတွက် ကာကွယ်ဆေးအလုံးရေ(၅၀) လူဦးရေ(၁၀၀) စာရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ကုလားချောင်းကျေးရွာ အလယ်တန်း ကျောင်းခွဲတွင် စုရပ်ပြုလုပ်၍ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက်(၆၅)နှစ်အထက်
သက်ကြီးရွယ်အိုများကို ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိပြီး သံဃာတော်များ၊
သီလရှင်ဆရာလေးများ၊ ကျေးရွာအတွင်း လူမှုရေးအသင်းအဖွဲ့များတွင် မဖြစ်မနေပါဝင်
လုပ်ကိုင် ဆောင်ရွက်နေသူများကို ပထမဦးစားပေးစနစ်ဖြင့် ထိုးနှံပေးလျက်ရှိကြောင်း
သိရသည်။
ထိုသို့
ဆောင်ရွက်ရာတွင် မကျီးဇင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များ
နှင့်တိုက်နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများမှကာကွယ်ဆေးထိုးရန်လာရောက်သူများကို
ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း
ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရှိရသည်။
ရွှေသောင်ယံ


No comments:
Post a Comment