ပူတာအို သြဂုတ် ၂၅
ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၄ ရက်တွင် ပူတာအိုမြို့နယ်အတွင်း ပူတာအိုလွင်ပြင်ပတ်လမ်း ဖောက်လုပ်နေမှုနှင့် မချမ်းဘောမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်
ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းသိမ်း၊
ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နံနက် ၈ နာရီတွင် ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ
ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ အားကစား ပစ္စည်းများ
ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသရှိ လူငယ် လူရွယ်များအတွက်
အားကစားကဏ္ဍဖွံ့ဖြိုးတိုး တက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားကာ
ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့အတွက်
ငွေကျပ် ၂၅ သန်းတန်ဖိုးရှိ အားကစားပစ္စည်း ၅ မျိုးနှင့် ထောက်ပံ့ငွေကျပ် ၁၁၅၀၀၀၀
ထောက်ပံ့ပေးအပ်ခဲ့ကာ ခရိုင်ဘောလုံးကွင်းအတွင်း ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ်
၅၈. ၅၀၀ သန်းဖြင့် ဘောလုံးကွင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်
မီတာ ၄၀၀ ပြေးလမ်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် အ.ထ.က(ပူတာအို)ကျောင်း၌ ဒေသခံများအား
ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုကို လှည့်လည် ကြည့်ရှုအားပေးကာ ကာကွယ်ဆေးထိုးလုပ်ငန်းတွင်
ဆောင်ရွက်နေကြသူများအား ထောက်ပံ့ငွေများနှင့် ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသူများအား
နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပူတာအိုလွင်ပြင်ပတ်လမ်းတစ်ခုဖြစ်ပြီး
ကျေးရွာ အုပ်စု ၃ ခု၊ ကျေးရွာပေါင်း ၂၈ ရွာသို့ ဖြတ်သန်းဖောက်လုပ်ထားသည့် ပူတာအို
- လယ်မယ်ဝါဂျီ - နမ်ရှယ်ကော့ - မန်စေခွန် - မန်စေလမ်းပေါ်၌ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
တာဝန်ယူဖောက်လုပ်လျက်ရှိသော မုဒုံ(၂) - ပမ္မတီးလမ်းပိုင်း ၁၂ပေ အကျယ်အရှည် ၁ မိုင်ကွန်ကရစ်လမ်းခင်းခြင်း
လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများနှင့် ရေနီကျေးရွာ အဝင် ပေ ၄၀ အရှည် သံကူကွန်ကရစ်တံတားတည်
ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က အဆိုပါ ပူတာအိုလွင်ပြင်လမ်းပိုင်းသည်
ဒေသ၏ ကျေးလက်လူမှုဘဝများနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် များစွာအကျိုးပြုသည့်အပြင်
ကျေးလက်ဒေသအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများအား
စွဲဆောင်နိုင်သည့် နေရာတစ်ခု ဖြစ်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရေး၊ ထို့အပြင်
လမ်းပိုင်းအား စနစ်တကျ ကွင်းဆင်းစစ်ဆေး၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားရေး တာဝန်ရှိသူများအား
မှာကြားခဲ့သည်။
ယင်းနောက် ပန်းလှိုင်ရပ်ကွက်အတွင်းရှိ
တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံး၌ ကော်မတီဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်
တွေ့ဆုံပြီး တိုင်းခမ်းတီစာပေနှင့်ရိုးရာယဉ်ကျေးမှုဓလေ့ထုံး တမ်းများထိမ်းသိမ်း ဆောင်ရွက်ရေး၊
ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လိုအပ်ချက်များ ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
ဆောင်ရွက်ပေးကာ ပြည်နယ်တိုင်းရင်းသားရေးဝန်ကြီးက ကော်မတီအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို
ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်
မွန်းလွဲပိုင်းတွင် မချမ်းဘောမြို့သို့ သွားရောက်ပြီး မလိခ တံတား(မချမ်းဘော)အနီး မန်ဂျန်ရှားအရိပ်ရအပင်များအား
၀.၅၀ ဧက စိုက်ပျိုးထားရှိမှုနှင့် မြို့အဝင် စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို
လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့်
ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ဂူဘားခန်းမ၌ မြို့နယ်ကိုဗစ်-၁၉
ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊
စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာ ရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က
ကိုဗစ်-၁၉ ကာကွယ်ထိန်းချူပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့်
ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ စီးပွားရေးအကြပ်အတည်းများအပေါ် ကုစားပေးနိုင်ရေး ရေတိုစိုက်ပျိုးရေးလုပ်ငန်းများ
ဖြစ်ထွန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးစားကြစေလို ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊
ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဌာနအလိုက်
လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉
ကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
တက်ရောက်လာသူများက တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်
ပြည်နယ်ဦးစီးမှူးများက မချမ်းဘောမြို့နယ် အတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများနှင့်
Oxygen Concen-trator ၂ လုံး၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာများ၊ ရပ်ကွက် ၅ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ဘာသာ ရေးအသင်းအဖွဲ့ ၉ ခုနှင့်
စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ ၃ ခုတို့အတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၄၁ သိန်းအပါအဝင်
မန်ဂျန်ရှား အရိပ်ရ သစ်ပင် ၃၀၀ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမျာထံ နေအိမ်ခြံဝင်းအတွင်း
ဟင်းသီးဟင်းရွက်စိုက်ခင်း စိုက်ပျိုးရေး သီးနှံမျိုးစေ့များကို ဖြန့်ဝေပေးအပ်ခဲ့ ကြသည်။
ထို့နောက် ရပ်ကွက် (၄) ပေ ၄၀၀၀ အရှည်
ကွန်ကရစ်လမ်းခင်းကျင်းနေမှုနှင့် AG အသင်း
တော်ပိုင်လယ်မြေ ၂ ဧကပေါ်၌ မြို့နယ်စိုက်ပျိုးရေး
ဦးစီးဌာန၏ မျိုးစံပါးသိပ္ပံနည်းကျစိုက်ပျိုးနည်း စနစ်စံပြစိုက်ကွက်အတွင်း ဆင်းဧကရီ
-၃ မျိုးစပါးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး
မချမ်းဘောမြို့နယ်အတွင်း အထင်ကရနေရာတစ်ခုဖြစ်သည့် ကျောက်နဂါးစေတီတော်အား သွားရောက်ဖူးမျှော်
ကြည်ညိုကာ လေ့လာကြည့်ရှုခဲ့ကြသည်။
ထိုမှတစ်ဆင့် ထဝါဒမ်းကျေးရွာ၌ လပြည့်ဝန်းကုမ္ပဏီမှ စိုက်ပျိုးထားသည့် ဧက ၁၅၀ လက်ဖက်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါ လက်ဖက်စိုက်ခင်းမှ လက်ဖက်ညွှန့်များကို ပူတာအိုဒေသထွက် ဖာ့ခါးအမည်ဖြင့် အဆင့်မြင့်လက်ဖက်ခြောက်ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်တို့ကို လက်ဖက်ခြောက်စက်ရုံအတွင်း စက်ရုံ ပိုင်ရှင် ဦးဖေဝမ်က လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါကျေးရွာအတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ၂.၀၈ ဧက ပေါ်တွင် ဝဥ ပျိုးပင်များ စိုက်ပျိုးထားရှိမှုနှင့် ရွက်သီး၊ ဖူးတံသီးများဖြင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
No comments:
Post a Comment