မင်းပြား ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ယနေ့ နံနက် (၉)နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 လမ်းညွန်ချက်နှင့်အညီ မင်းပြား မြို့နယ်အတွင်း ငါးမျိုးမပြုန်းတီးရေးနှင့် ငါးသယံဇာတတိုးပွားရေးအတွက် မင်းပြားမြို့နယ်ရှိ ဖလောင်းပြင်ဆည်နှင့် လေးမြို့မြစ်အတွင်းသို့ ငါးသားပေါက် နှစ်သိန်းငါးသောင်း မျကို စိုက်ထည့်သွင်းကြောင်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မင်းပြားမြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ မင်းပြားမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ငွေစိုးနှင့် ဝန်ထမ်းများက မင်းပြားမြို့နယ်၌ ငါးမျိုးစိတ်များ မပြုန်းတီးရေးနှင့် ငါးသယံဇာတတိုးပွားရေးအတွက် မင်းပြားမြို့ နယ် ၊ ဖလောင်းပြင်ကျေးရွာရှိ ဖလောင်းပြင်ဆည်ရေ၌ ငါးကောင်ရေ(၁)သိန်းနှင့် မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်ရှိ ဆိပ်ခံတံတားမှ လေးမြို့မြစ်အတွင်း ငါးကောင်ရေ(၁)သိန်းငါးသောင်း၊ ယနေ့ ဆည်နှင့်မြစ်ရေအတွင်း ငါးမြစ်ချင်း၊ ငါးခုံးမ၊ ရွှေဝါ၊ငါးကောင်ရေစုစုပေါင်း(၂)သိန်းငါးသောင်းအား စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။
သိန်းနုအောင်


No comments:
Post a Comment