ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ရွှေပြည်တန်ခန်းမတွင် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လူမှူကူညီရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ Volunteer များသို့ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်မှ အဖွင့်အမှာစကား ပြောကြားပြီး၊
မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးကောင်းမြတ်စံမှ မြို့နယ်အတွက် အနစ်နာခံကာ
ကိုယ်ကျိုးစွန့်လုပ်ကိုင်နေကြသော ပရဟိတအဖွဲ့များ အားလုံးကို ကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်း
သိရသည်။
ဆက်လက်၍
လူမှူကူညီရေးအသင်းအဖွဲ့ ပရဟိတအဖွဲ့များ Volunteer များသို့ လုပ်ငန်းသုံး ပစ္စည်းများကို
မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကောင်းမြတ်စံ၊
အဖွဲ့ဝင်(၂)ဒေါက်တာသန်းဌေး၊ အဖွဲ့ဝင်(၃) လဝက ဦးစီးမှူး ဦးအောင်မြိုင်ဦး၊ အတွင်းရေးမှူး
ရဲမှူးမောင်မျိုးတို့မှ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၊ လူမှူကူညီရေး အသင်းအဖွဲ့များ ဖြစ်ကြသည့်
မြတ်မေတ္တာ၊ မြင့်မြတ်သူ၊ ဘဝတကွေ့၊ မေတ္တာရှင်၊ ကုမုဒြာ၊ မာနှင့်ဃလုင်၊ ပါရမီဂရုဏာရှင်
၊ ငြိမ်းချမ်းမေတ္တာ၊ သစ္စာရှင်၊ မနောဖြူ၊ အားမာန်သစ် စသည့် Volunteerအဖွဲ့(၁၂)ဖွဲ့အား PPEဝတ်စုံများ၊ LV2 ဝတ်စုံများ၊ Face shield များ၊ Maskများ၊ ဖိနပ်၊
ခေါင်းစွပ်များနှင့် Glass များစသည့် လုပ်ငန်းသုံး ပစ္စည်းများကို ပေးအပ် ထောက်ပံ့ခဲ့ကြောင်း
သိရသည်။
ဌေးဌေးလှိုင်အိမ်မဲ(ပြန်/ဆက်)

No comments:
Post a Comment