နတ်မောက် ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူအချို့သည် မျိုးတူမျိုးကွဲသီးနှံများကို သမားရိုးကျစိုက်ပျိုးလျက်ရှိရာမှ ယခုအခါနှင်းပန်းများကိုပူးတွဲစိုက်ပျိုးလာကြောင်း ဒေသခံတောင် သူများထံမှ သိရသည်။
နှင်းပန်းများစိုက်ပျိုးရာတွင် အခြားဂန္ဓာပန်း၊ မေမြို့ပန်း၊ နှင်းဆီပန်းခင်းများကဲ့သို့ ပိုးမွှားကျရောက် မှုအန္တရာယ်လွန်စွာ မစိုးရိမ်ရဘဲ ဖြစ်ထွန်းမှုသေချာသော ပန်းမျိုးဖြစ်ကြောင်း၊ နှင်းပန်းကို စတင်စိုက် ပျိုးရာ၌ နှင်းပန်းဥကို တင်းချိန်ဖြင့်ဝယ်ယူပြီး အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးရကြောင်း နှင်းပန်း စိုက်သူ န-လက်ခုပ်ပင်ကျေးရွာမှ ကိုမောင်ကပြောသည်။
“ဘုရားပန်းဈေးကွက်မှာ နှင်းပန်းရရောင်းတာ အခြားပန်းတွေလိုပဲ ဈေးကွက်မှာတွင်တွင် ကျယ်ကျယ်ရောင်းရပါတယ်၊ အရောင်းအဆင်းကလည်း ဖွေးဥနေ၊ အနံ့ကလေးကလည်း သင်းပျံ့ပျံ့ မွှေးကြိုင်နေတော့ ဘုရားလှူမယ့်သူများက အဝယ်များပါတယ်၊ ဖောက်သည်လက်ကားဈေးကွက် မှာ နှင်းပန်းတစ်ခက်ကို ကိုဗစ်တတိယလှိုင်းမတိုင်ခင်က (၁၀၀)ကျပ်နှုန်းရောင်းချရပြီး အခုအချိန်မှာ တော့ နံနက် (၄)နာရီမှ (၁၀) နာရီအချိန်ထိဘဲ သတ်မှတ်အချိန်အတွင်းရောင်းချရတာဖြစ်တဲ့အတွက် နှင်းပန်းတစ်ခက်ကို (၅၀)ကျပ်နှုန်း ဖြင့်သာရောင်းချရပါတယ်၊ ဝင်ငွေအနေနဲ့ကတော့ နှင်းပန်းပွင့် ပြီဆိုရင် ဧရိယာဧက (၀.၁၅)လောက်ရှိတဲ့ နှင်းပန်းခင်းက နှစ်ရက်တစ်ကြိမ်ဝင်ငွေ (၁၀၀၀)ခန့်ရရှိ တဲ့အတွက် လူတိုင်းစိုက်ပျိုးသင့်ပါတယ်၊ နှင်းပန်း တစ်ကြိမ်စိုက်ပျိုးလျှင် သုံးနှစ်သက်တမ်းရှိပြီး မိုးရာသီတွင် အဖူးအပွင့်များပိုမိုသန်မာ၍ ကျန်ရာသီများတွင် ရေသာပုံမှန်ရနေလျှင် ဆယ့်နှစ်လလုံး ဖြစ်ထွန်းတဲ့ပန်းမျိုးဖြစ်လို့ တောင်သူတွေစိုက်ပျိုးထိုက်ပါတယ်ဟု” နှင်းပန်းစိုက်သူမှ ပြောကြား သည်။
နတ်မောက်မြို့နယ်အတွင်း နှင်းပန်းများကို န-လက်ခုပ်ပင်ကျေးရွာ၊ ကြူအိုင်ကျေးရွာ၊ အင်းကုန်း ကျေးရွာ၊ပင်းဂွေးချိုကျေးရွာ၊ ကျောင်းကုန်းကျေးရွာများတွင် စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။ မူမူစန်း

No comments:
Post a Comment