Friday, August 13, 2021

‌နယ်စပ်ရေးရာဝန်ကြီးဌာနက ကျိုင်းတုံမြို့နယ် ကိုဗစ်စင်တာများသို့ အင်အားဖြည့်အစားအစာများ ထောက်ပံ့လှူဒါန်း

 နေပြည်တော် ဩဂုတ် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကိုဗစ်စင်တာများ တွင် တက်ရောက် ဆေးကုသနေသော လူနာများအတွက် လိုအပ်သော ဆေးဝါးများ၊

အင်အား ဖြည့်အစားအစာများ၊ ရေသန့်ဘူးများကို ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလှိုင်းမောင်မောင်ထံသို့ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment